Diabetes links ဆီးချိုစာများ

၁။ ဆရာ သမီးအမေက ဆီးချိုဖြစ်တာအနှစ် ၂၀ကျော်ပါပြီ သမီးတသက်ပေါ့ အခုအသက် ၅၉ပါ တဖြည်း၂ပိန်လာပါတယ် ဆီးချိုကတော့ ၁၃၀ ၁၂၀ဝန်းကျင်ပါအရမ်းလဲမများဖူးပါဘူး ခုရက်ပိုင်း ခြေထောက်ဖျားတွေ အေးပြီး ကျင်လာပါတယ် ၅ ရက်လောက်ရှိပါပြီ ချမ်းလိုက်ပူလိုက်ဖြစ်ပါတယ် သလိတ်တွေလဲထွက်ပါတယ် ချောင်းတော့မဆိုးဘူးဆရာ ဘာများ ဖြစ်နိုင်မလဲရှင့်

ပို့စ်မှာသုံးတာဖြစ်လို့ တစ် ၁ လုံးပြင်လိုက်တယ်။ ပါပီ ၂ ကောင် ပြင်လိုက်တယ်။ ဆောရီး။ ဖြည်း၂ လို့ရေးတာ ခေါင်းရှုတ်စေတယ်။

၂။ ဆရာရှင့် လူတွေပြောတာ ရေသောက်များရင် ဆီးချိဖြစ်နိုင်တယ်ဆိုတာဟုတ်ပါသလားရှင့်

မဟုတ် + လိမ်ညာ + မှား။

လွန်ခဲ့တဲ့ဆယ်နှစ်အတွက် ဆီးချိုဖြစ်သူ ၆ဝ% တိုလာလို့ ယူကေဆီးချိုအဖွဲ့ကနေ ထုတ်ပြန်ခဲ့ပါတယ်။ သူတို့ဆီမှာ ၂ဝဝ၅ တုံးက ဆီးချိုလူနာ ၂့၁ သန်း ရှိခဲ့ရာကနေ အခု ၃့၃ သန်းအထိတိုးလာတာ ဖြစ်ပါတယ်။ ဆီးချိုကို မထိန်းနိုင်ရင် မျက်စိကွယ်တာနဲ့ ခြေလက်ဖြတ်ရတာအထိဖြစ်လာနိုင်တယ်။ သူတို့ဆီမှာ တပါတ်မှာ လူနာ ၁၃၅ ယောက်ကို ခြေလက် ဖြတ်ပေးနေရတယ်။ တချို့မှာ အဖျားပိုင်းအာရုံကြောတွေရောင်တယ်။ တချို့မှာ အတွင်းအင်္ဂါတွေကို ထိခိုက်တယ်။

ဆီးချိုအမျိုးအစား (၃) မျိုးထဲမှာ အမျိုးအစား (၂) ဖြစ်သူ ၉ဝ% ရှိတယ်။ အဲဒီအမျိုးအစားဟာ လူဝတာနဲ့ အစားအသောက်နဲ့ ဆက်စပ်နေတယ်။ အမျိုးအစား (၁) ဆိုတာ ငယ်စဉ်ကတည်းကဖြစ်တယ်။ နောက်တမျိုးက ကိုယ်ဝန်ဆောင်နေတုံးမှာဖြစ်တယ်။ ၂ဝ၁၄ လေ့လာမှုတခုအရ ကိုယ်ဝန်ဆောင်အားလုံးထဲမှာ ၉့၂% ဖြစ်ကြတယ်။

ဆီးချိုရှိနေသူတိုင်းမှာ လူနေမှုဘဝအရည်အသွေးလည်းကျဆင်းတယ်။ ဆီးချိုဆေးအတွက် အစိုးရဆေးကုန်ကျစရိတ်ထဲမှာ ၁ဝ% ရှိတယ်။ insulin နဲ့ metformin ဆေးတွေဖြစ်တယ်။ ကုန်ကျငွေစုစုပေါင်း ပေါင် ၁ဝ ဘီလီယန်ရှိတယ်။

လူတိုင်းမှာ သရက်ရွက်ရှိတယ်။ အဲတာကနေ အင်စူလင်ဟော်မုန်း ထုတ်ပေးနေတယ်။ စာတာထဲမှာပါတဲ့ သကြားဓါတ်ကို ပုံမှန်ဖြစ်နေအောင် ထိန်းပေးတယ်။ အဲဒီစနစ်မကောင်းရင် ဆီးချိုဖြစ်တယ်။ ရေနဲ့ နည်းနည်းလေးမှ မဆိုင်။ အဲဒီစနစ် ပြန်ကောင်းဘို့ဆိုတာ မဖြစ်နိုင်သလောက်ခက်ခဲတယ်။ အဲတာကြောင့် ဆီးချိုရှိသူ မပျောက်။ ဆီးချိုပျောက်စေရမယ် ပြောတာလည်း မဟုတ် + လိမ်ညာ + မှား။ ၉ဝ% ရှိတဲ့ ဆီးချိုအမျိုးအစား (၂) ကိုပြောတာ။

1. A1C test ဆီးချိုအတွက် http://doctortintswe.blogspot.com/2014/12/a1c-test.html
2. Blood sugar levels ဆီးချိုစစ်ခြင်း http://doctortintswe.blogspot.com/2015/01/blood-sugar-levels.html
3. Diabetes diet ဆီးချိုအတွက်အစားအစာများ http://doctortintswe.blogspot.com/2014/12/diabetes-diet.html
4. Diabetes links ဆီးချိုစာများ http://doctortintswe.blogspot.com/2015/05/diabetes-links.html
5. Diabetes type 1 cure ဆီးချိုအမျိုးအစား (၁) ကို ပျောက်နိုင်ဘို့ နီးစပ်လာပြီ http://doctortintswe.blogspot.com/2014/10/diabetes-type-1-cure.html
6. Diabetes ဆီးချို  http://doctortintswe.blogspot.com/2015/02/diabetes.html
7. Diabetic food ဆီးချိုနဲ့ အစားအသောက် http://doctortintswe.blogspot.com/2014/11/diabetic-food.html
8. Diabetic neuropathy ဆီးချိုကြောင့်ဖြစ်ရတဲ့ အာရုံကြောရောဂါ http://doctortintswe.blogspot.com/2015/01/diabetic-neuropathy.html
9. Gestational Diabetes ကိုယ်ဝန်နဲ့ဆီးချို http://doctortintswe.blogspot.com/2015/12/gestational-diabetes.html
10. Liver disease and Diabetes အသည်းနဲ့ဆီးချို http://doctortintswe.blogspot.com/2015/05/liver-disease-and-diabetes.html
11. Metformin ဆီးချိုစားဆေး ဘယ်လိုပေး http://doctortintswe.blogspot.com/2015/05/metformin.html
12. Yogurt reduces diabetes risk (ရောဂတ်) စားခြင်းဖြင့် ဆီးချိုကို သက်သာစေနိုင် http://doctortintswe.blogspot.com/2015/01/yogurt-reduces-diabetes-risk.html

ဒေါက်တာတင့်ဆွေ
၂၃-၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး