Docetaxel ယောက်ျားဆီးကျိတ်ကင်ဆာဆေး အသက်ပိုရှည်စေနိုင်

၁၄-၅-၂ဝ၁၅ နေ့ထွက် ဆေးသုတေသနသတင်းဖြစ်ပါတယ်။ ယောက်ျားဆီးကျိတ်ကင်ဆာကို စောစောဆေးပေးကုသရင် အသက် ၂ နှစ်ပိုရှည်စေနိုင်တာကို တွေ့လာရပါတယ်။ ဟော်မုန်းဆေးပေးလို့မရသူတွေကို Docetaxel ဆေးပေးလို့ အဲလို သိလာရတာဖြစ်ပါတယ်။

American Society of Clinical Oncology ကနေထုတ်ဖေါ်ပြောပြချက်အရ အသက် ၄၂ လကနေ ၆၅ လအထိ ပိုရှည်စေတယ်လို့ဆိုပါတယ်။

ယူကေနိုင်ငံမှာ နှစ်စဉ် ယောက်ျားပေါင်း ၄ သိန်းမှာ ဆီးကျိတ်ကင်ဆာဖြစ်နေရပြီး ၁၁ဝဝဝ သေဆုံးနေရတယ်။ အခု စမ်းသပ်မှုမှာ ဗြိတိန်နဲ့ ဆွစ်ဇာလန်းကလူနာပေါင်း ၂၉၆၂ ယောက်ပါဝင်ခဲ့တယ်။ တချို့ကို အစပိုင်းမှာ ဒီဆေး ၆ ခါ ပေးတယ်။ ခြုံကြည့်လိုက်ရင် ၁ဝ လပိုပြီးအသက်ရှည်နိုင်ခဲ့တယ်။ ပြန့်နေသူတွေ ၂၂ လပိုရှည်တယ်။

Docetaxel ဆေးကို ဆီးကျိတ်ကင်ဆာအတွက်သာမက ရင်သားကင်ဆာ၊ အဆုပ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ မျိုးဥအိမ်ကင်ဆာတွေကိုလည်းပေးတယ်။

Docetaxel ဆေးကို Sanofi-Aventis ကထုတ်တာကို Taxotere နာမည်နဲ့၊ Sun Pharma Global က ထုတ်တာကို Docefrez နာမည်နဲ့၊ Zydus ကထုတ်တာကို Zytax နာမည်နဲ့ရောင်းတယ်။ ဗြိတိန်မှာ ၆ ခါသုံး ၁၈ ပါတ်စာကို £5,262 ပေးရတယ်။

ဆီးကျိတ်ကင်ဆာ လက္ခဏာများ
- ဆီးခဏခဏသွားခြင်၊ အထူးသဖြင့်ည။
- ဆီးသွားရင် အစမှခက်ခဲ၊ သွးနေချိန်ထိန်းဘို့ခက်ခဲ။
- ဆီးပန်းအားနည်း၊ ပြတ်တောင်းပြတ်တောင်းသွား။
- ဆီးသွားရတာနာ၊ ပူလောင်။
- ပန်းသေပန်းညှိုး။
- လိင်အင်္ဂါသန်မာလျှင်နာ။
- သုက်ရည်ထဲသွေးပါ။
- ခါးအောက်ပိုင်း၊ တင်ပါးနေရာနဲ့ ပေါင်းရင်တွေ မကြာမကြာတင်းနာ။

ဒေါက်တာတင့်ဆွေ
၁၅-၅-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး