Facts about blood donation သွေးလှူခြင်းကိန်းဂဏန်းများ

ယူကေနိုင်ငံမှာ
• လူဦးရေရဲ့ ၄% ဟာ သွေးလှူရှင်တွေဖြစ်ကြတယ်။
• သွေးတခါလှူရင် လူနာ ၃ ယောက်အထိ ကူညီနိုင်တယ်။
• သွေးအကြိမ် ၁ဝဝ လှူတာဟာ သွေး ၄၇ လီတာနဲ့ညီတယ်။
• B (-) က ရှားတယ်။ လူဦးရေရဲ့ ၂% သာရှိတယ်။ဲ
• သွေးလှူသူထဲက ၅% ဟာ ပထမဆုံးလှူသူတွေဖြစ်တယ်။

အမေရိကမှာ
• ၂ စက္ကန့်တိုင်းမှာ သွေးလှူရှင် ၁ ယောက်လိုအပ်တယ်။
• နေ့စဉ် သွေးလှူရှင်ပါင်း ၄၁ဝဝဝ လိုအပ်တယ်။
• တနှစ်မှာ သွေးနဲ့သွေးအစိတ်အပိုင်းပေါင်း သန်း ၃ဝ လိုအပ်တယ်။
• ပျမ်းမျှသွေးသွင်းမှုတကြိမ်မှာ ၃ သွေးပိုင့်ဖြစ်တယ်။ (၁ ပိုင့် = ဝ့၄၇ လီတာ)
• အများဆုံးသွေးလှူဘို့တောင်းခံတဲ့သွေးအမျိုးအစားက (အို) ဖြစ်တယ်။
• (ဆစ်ကယ်ဆဲလ်) သွေးရောဂါသည်ပေါင်း ၇ဝဝဝဝ ရှိတယ်။ တနှစ်မှာ အဲဒီရောဂါနဲ့ ကလေးပေါင်း ၁ဝဝဝ မွေးလာကြတယ်။ သူတို့အားလုံးကို သွေးမကြာမကြာသွင်းပေးရတယ်။
• ပြီးခဲ့တဲ့နှစ်က ကင်ဆာလူနာ ၁့၆ သန်းရှိတယ်။ သူတို့ထဲက အများစုကို (ခီမို) ပေးနေတုံးမှာ သွေးသွင်းကုသခဲ့ရတယ်။
• ကားမတော်တဆမှုတခုမှာ သွေးပျမ်းမျှ ၁ဝဝ ပိုင့်လိုတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၅-၂ဝ၁၅
ဓါတ်ပုံ = တမူးမြို့ လူငယ်ကွန်ရက်သွေးလှူအသင်းကစီစဉ်တဲ့ စုပေါင်းသွေးလှူခြင်း
Photo from Yin Ko Oo

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး