Jungle flowers တောပန်း

- အမှတ်ရစရာလေးရေးမိတိုင်း လွမ်းနေပြီလား၊ ဘယ်တော့ပြန်လာမှာလည်း မေးကြတယ်။ မေးစရာပါပဲ။
- အမှတ်ရစရာကလည်း နေ့တိုင်း၊ အခန့်ရှိတိုင်း။ တချို့က စာရေးတာတွေ့မှ လွမ်းတယ်ထင်နေသေး။
- ဖြေခဲ့ဘူးတာတွေလည်း မနည်းတော့၊ ထပ်ဖြေရင်လည်း ဖတ်ဖူးသူတွေအတွက်တော့ ငြီးငွေ့စရာ။

- အိန္ဒိယမှာနေတုံးက လာလမ်းအတိုင်း နယ်စပ်ကနေပြန်မလား စဉ်းစားခဲ့သေးတယ်။ လေယာဉ်သာစီးနိုင်ရင် ဒေလီ-အင်ဖါး၊ ၄ နာရီကြာမယ်။ အင်ဖါး-မိုးရေး (လမ်းမပိတ်ရင်) ၂ နာရီခွဲ။ မိုးရေးကနေ တမူး (ဂိတ်ပိတ်မထားရင်) တနာရီနဲ့ ရောက်မယ်။ တမူးကနေ မုံရွာကို ၃၄ဝ ကီလိုမီတာသာ ဝေးတော့တယ်။
- အဲတာတွေက တွက်ရေးနဲ့စက်သူဌေးပါ။ ရထားနဲ့သာ နယ်စပ်သွားရရင် ၃-၄-၅ ရက်။ နယ်စပ်လမ်းပိတ်နေရင် တပါတ်ဆိုလည်းဟုတ်။ နယ်စပ်ဂိတ်ပိတ်ထားရင် မိုးရေးမှာ အေးအေးဆေးဆေး။

- အခုက ပိုဝေးတဲ့နေရာရောက်ရပြန်ပြီ။ (အင်ဒီယာနာပိုးလစ်) ကနေ တိုကျိုကို ၆၄၅၉ မိုင်၊ တိုကျိုကနေ ရန်ကုန်ကို ၄၇၇၁ မိုင်။ ထိုင်လိုက်၊ အိပ်လိုက်သွားယုံပဲ။ ပိုဝေးပေမယ့် သွားရလာရတာ ပိုလွယ်တယ်။ ကုန်ကျစရိတ်တော့ ကွာတာပေါ့။

- မကွာတာပဲရှာတယ်။ အိမ်ဘေးခြံစည်းရိုးမှာ အလေ့ကျအပင်တွေက ပန်းလေးတွေပွင့်နေကြတယ်။ တိုင်းပြည်ကြီးက မြို့ကြီးမှာပေမယ့် တောပန်းလို့ပဲခေါ်ရမှာ။ လူသာမရောက်သေးတာ စိတ်ကတော့ တောတန်းကို နေ့တိုင်းရောက်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၅-၅-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး