စစ်တပ်နဲ့ NLD ကွာခြားချက်

- NLD ထဲကနေ အကြောင်းအမျိုးမျိုးကြောင့် အပြင်ရောက်သွားတဲ့သူတွေက အကြောင်းအမျိုးမျိုးပြပြီး NLD ကို ဝေဖန်သလောက် စစ်တပ်ကနေ အကြောင်းအမျိုးမျိုးကြောင့် အပြင်ရောက်သွားတဲ့သူတွေကတော့ အကြောင်းအမျိုးမျိုးပြပြီး စစ်တပ်ကို ကာကွယ်ကြတယ် (လူမင်း)

- Tint Swe စစ်ထွက်ဆိုရင် သမတလောက်တော့ဖြစ်နိုင်လို့ပါ။

ဒေါက်တာတင့်ဆွေ
၁၃-၅-၂ဝ၁၅

Difference ကွာခြားချက်

- စစ်တပ်နဲ့ NLD ကွာခြားချက်ဟာ ရုတ်တရက်ရေးလိုက်တဲ့ မှတ်ချက်ပါ။ ရွေးကောက်ပွဲလည်း မလိုတော့ပါ။
- သမတဖြစ်ချင် စစ်ရေးအမြင်ရှိရမယ်၊ ၂၅% ကလည်း အလိုလိုကိုယ်စားလှယ် လုပ်နိုင်တယ်။
- စစ်တပ်ကထွက်ပြီး ပါတီဖွဲ့တော့ ၂၆ နှစ်ကြာအုပ်ချုပ်နိုင်ခဲ့တယ်။ အခုတခါ စစ်တပ်ကထွက်ပြီး ပါတီနောက်တခု လွှတ်တော်မှာ အများစုရအောင်ယူထားတယ်။ အဲလိုအချက်အလက်တွေရှိထားလို့ ပြောတာပါ။

- ဒါပေမယ့် (စစ်တပ်)၊ (စစ်ထွက်)၊ (ကုလား)၊ (တရုပ်)၊ (ဘုန်းကြီး) စတဲ့ အများဆိုင်နာမ်ကို တစုံလုံးကောင်း၏ဆိုး၏ ပြောတာမျိုးက မသင့်ပါ။ အရင်ကလည်းရေးဘူးပါတယ်။ (Generalization ဝါးလုံးသိမ်း) ခေါင်းစဉ်နဲ့ပါ။

- NLD ထဲမှာလည်း ပြောစရာတွေရှိနေတာပါ။ နိုင်ငံရေးအရပြောရရင်တော့ ဒီမိုကရေစီအတွက်ဖြစ်ဖြစ်၊ တိုင်းပြည်အတွက်ဖြစ်ဖြစ် NLD သည်သာအားကိုးရာဖြစ်တယ်။ အဲဒီလိုအပ်ချက်ကြီး နှစ်ခုလုံးရဲ့အဟန့်အတားကြီးဟာ စစ်တပ်သာ ဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၁၃-၅-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး