Ocean of books ကံကောင်းကြသူများ

သူများတွေ (တချို့ပါ) စာဖတ်တဲ့အကြောင်းလေးတွေ သိရတော့ အားကျမိတယ်။

ကျွန်တော့်မှာတော့ အချိန်ကမရ၊ မျက်စိကအားမရမို့ စာဖတ်အားကျကျလာတယ်။ မကောင်းမှန်းတော့သိပါရဲ့။

စာဖတ်ဆိုတာ စာအုပ်ဖတ်တာကိုပြောတာ။ အင်တာနက်နဲ့ အွန်လိုင်းကတော့ ပြောမနေနဲ့။ ပြိုင်ပွဲဝင်နေရသလိုပဲ။ စာအုပ်ဆိုလို့ အကိုးအကားပြုစရာလောက်သာ လှန်ဖြစ်တယ်။ နေစရာနေရာပြောင်းရတော့ ဘာသာရေးစာအုပ်နည်းနည်း၊ စွယ်စုံကျမ်း၊ သတ်ပုံကျမ်းနဲ့ အဘိဓာန်ကလွဲရင် မပါသလောက်ပဲ။

သိချင်လိုချင်လာရင် ဒေလီတုံးကအိမ်သတိရလိုက်၊ ဗမာပြည်ကအိမ်ကိုသတိရလိုက်နဲ့။ အဲဒီတွေမှာ စာအုပ်အသင့်အတင့် ရှိခဲ့တာကိုး။

မြန်မာပြည်ဟာ ကြာလာလေလေ စာအုပ်တွေ တောင်လိုမိုးထိအောင်ပုံနေတဲ့၊ ပင်လယ်လို အကျယ်အပြန့်ရှိတဲ့၊ တမျှော်တခေါ်အရှည်အလျားရှိတဲ့၊ ပန်းတွေအရောင် အရွယ်အစားနဲ့ အမွှေးအထုံစုံလှတဲ့၊ ပဒေသာကမ္ဘာကြီးလို့ ထင်မြင်တမ်းတမိလာပါတော့တယ်။ လူကြီးမင်းတို့များ ကံကောင်းကြပါတကား။

ဒေါက်တာတင့်ဆွေ
၁၉-၅-၂ဝ၁၅
ဓါတ်ပုံ = ဒေလီမှာနေခဲ့စဉ်ကစာအုပ်စင်

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး