Pentagon says live anthrax inadvertently shipped across US

ဒေါင့်သန်းရောဂါပိုးအရှင်တွေကို မထင်မှတ်ပဲ နေရာရွေ့ပို့ဆောင်ခဲ့တယ်လို့ အမေရိကန် စစ်ဌာနချုပ် ပင်တာဂွန်က ဝန်ခံလိုက်ပါတယ်။

ပြည်နယ် ၉ ခုမှာ အဲလိုမတော်တဆဖြစ်ခဲ့တာပါ။ အများလူထုကိုတော့ သိထားတဲ့အန္တရာယ်မရှိဘူးလို့ ပင်တာဂွန် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Steve Warren (စတိဖ်ဝါရင်း) ကပြောပါတယ်။ စစ်ဆေးမှုတွေ ဆက်လုပ်နေပါတယ်။ ထိကိုင်ခဲ့ရသူ ဓါတ်ခွဲခန်းအမှုထမ်းလေးယောက်ကို ဆေးဝါးကုသပေးနေပါတယ်။ Utah အူတာမှာရှိတဲ့ Dugway Proving Ground မှာ ပုံမှန်သုတေသနလုပ်ဘို့ သိမ်းဆီးထားတဲ့ ဒေါင့်သန်းရောဂါပိုးတွေ ဖြစ်ပါတယ်။ အမှန်က သေပြီးသား ပိုးတွေကိုသာ အဲလိုပို့ဆောင်ဘို့ဖြစ်ပါတယ်။ AG-1 လို့ခေါ်ပါတယ်။

ပိုးမွှားလက်နက်အနေနဲ့လည်း ထုတ်လုပ်နိုင်ပါတယ်။ ပထမကမ္ဘာစစ်ကတည်းက ဂျာမန်တွေကစသုံးခဲ့ပါတယ်။ Anthrax spores ဒေါင့်သန် (စပိုး) ကိုအများအပြားထုတ်သုံးခဲ့တာကတော့ ဂျပန်ကနေ ၁၉၃၂-၁၉၄၅ တရုပ်ပြည်ကို သိမ်းခဲ့တုံးက ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်မှာ နှစ်ဖက်လုံးက စမ်းသပ်မှုသာလုပ်ခဲ့ကြပါတယ်။ ပင်လယ်ကွေ့စစ်တုံးက အီရတ်ဟာ အမေရိကားကနေ အဲဒီပိုးမွှားလက်နက်ရအောင် ကြိုးပမ်းခဲ့သေးတယ်။

ဒေါင့်သန်းရောဂါဆိုတာ နွားတွေမှာဖြစ်တဲ့ကူးစက်မြန်ရောဂါဖြစ်တယ်။ ပိုးရှိနေတဲ့ နွား၊ အမဲသားကို ထိကိုင်မိတဲ့လူကို ကူးစက်စေပြီး သေစေနိုင်တယ်။

Anthrax ဒေါင့်သန်းရောဂါ http://doctortintswe.blogspot.com/2015/04/anthrax.html

ပုံ = လူမှာဒေါင့်သန်းရောဂါကူးစက်ရင်ဖြစ်တဲ့အနာ

ဒေါက်တာတင့်ဆွေ
၂၇-၅-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး