Plato ပလေတိုပြောတဲ့ ပလီစိချောက်ချက်

ပြည်ပနိုင်ငံရေးမှာ အာဘောင်အာရင်းသန်နိုင်ကြတဲ့ခေတ်မှာ ကျွန်တော့်တို့လင်မယားကို အမျိုးသမီးအသင်းတွေက (ဘလက်လစ်) ထဲထည့်ထားကြတယ်။ အစည်းအဝေးတွေမှာ တလင်တမယားစနစ်ကို အမွှန်းတင်ကြလို့ မကြိုက်ကြပါ။

အခု ကျွန်တော်တို့အမုန်းခံခဲ့ဟာက ဥပဒေဆိုတာဖြစ်လာသတဲ့။ ဥပဒေတင်ဘို့လုပ်ကြသူတွေရော ဥပဒေကိုရေး၊ ဥပဒေကို မဲပေးကြကုန်သော လွှတ်တော်အမတ်မင်းတွေကပါ အမည်းစာရင်းထည့်တာ ခံရပြန်ပါအုံးမယ်။ တလင်တမယားနမူနာကို လူမှုရေး-အိမ်ထောင်ရေးမှာ စံအဖြစ်သာလက်ခံတယ်။ အားပေးတယ်။ ဥပဒေလုပ်တာကို ဆန့်ကျင်ကန့်ကွက်ပါတယ်။

တချို့အရာတွေမှာ သင့်မြတ်မှန်ကန်နေပေမယ့် အဲတာကိုပဲ မတော်တရော်လူတွေက သူတို့ဆိုင်းဘုတ်လုပ်လိုက်ရင် လူတွေက လက်မခံချင်ဖြစ်စေတတ်ပါတယ်။

Good people do not need laws to tell them to act responsibly, while bad people will find a way around the laws. (Plato)
(ပလေတို) က ပြောတာတခုရှိတယ်။ ကောင်းတဲ့လူတွေကို ဘယ်လိုဘယ်ပုံ တာဝန်သိသိရွက်ဆောင်ပါလို့ ပြောဘို့မလိုပါ။ ဆိုးသွမ်းတဲ့သူတွေကတော့ ဥပဒေတွေနဲ့ လှည့်ကြပတ်ကြတယ်တဲ့။

ဒေါက်တာတင့်ဆွေ
၁၇-၅-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး