Religion for Vote မဲပေးရေးနဲ့ ဘာသာရေး

• မန္တလေးမှာကျင်းပတဲ့ ကွင်ဖရန့်တစ်ခုတတ်ရတယ်။ ဘာသာပေါင်းဆုံ ချစ်ကြည်ရေးပွဲတဲ့။
• အော်။
• ဒါပေမဲ့ ရောက်သွားတော့ ထင်သလိုမဟုတ်ခဲ့ဘူးဗျ။
• အေး ပြောပါအုံး။
• မွတ်စလင်တစ်ချို့က သူတို့ဘာသာအတွက် ဒီပွဲကို ခုတုံးလုပ်တာဗျ။
• အေး အဲလိုသိရင်ကောင်းတယ်။ ဘာသာရေးနဲ့နိုင်ငံရေးက တခြားစီ။ ဒါပေမယ့် ဆွဲထည့်နေကြလို့ အဲတာမျိုးတွေ လုပ်ကြတယ်။ လူလည်တွေက သူတို့ဟာကို တင်တတ်ကြတယ်။ တကယ့်ဖြူစင်တဲ့ ဘာသာရေးခေါင်းဆောင် မဟုတ်ရင် အဲလိုချည်းပဲ။ အဲလိုဘာသာရေးခေါင်းဆောင်ဆိုတာလည်း ရှားတယ်။ ရှိရင်လည်း အဲတာမျိုးကို လာမတက်ကြဘူး။ ပညာရတာပေါ့ကွာ။
• ဟုတ်ကဲ့။
• အညာမခံရရင်ပြီးရော။
• ရန်ကုန်မှာ ၂၆ ရက်နေ့ ကျင်းပမဲ့ လွတ်လပ်စွာကိုးကွယ်ခွင့်ဆိုတဲ့ခေါင်းစဉ်နဲ့ တစ်နိုင်ငံလုံးကလူငယ်တွေ ဆွေးနွေးပွဲ ရှိတယ်ဗျ။ အဲဒီပွဲတတ်ဖို့အတွက် ဒီပွဲကို အရင်လေ့လာဖို့လွှတ်လို့ တစ်ယောက်ထဲလာရတာ။
• အဲဒီမှာလည်း ပညာယူခဲ့ပေါ့။ အိန္ဒိယမှာလည်း ခဏခဏလုပ်ကြတယ်။ ဦးစီးလုပ်တဲ့အဖွဲ့ကို ကြည့်လိုက်တာနဲ့ ဘယ်ဖက်ဆွဲခေါ်မလည်းသိနေတယ်။ အခုအစိုးရက ဟင်ဒူအစွန်းရောက်။ မဲကစကားပြောတာကိုး။ တို့နိုင်ငံလည်း ရွေးကောက်ပွဲက မဝေးတော့ဘူးမဟုတ်လား။
• ဟုတ်ကဲ့ဗျ။
• အေ့း့ တချို့နိုင်ငံရေးသမားတွေကလည်း နိုင်ငံအကျိုး မကြည့်ကြဘူး။ တချို့ဘာသာရေးသမားတွေကလည်း ဘာသာတရားအကျိုး မကြည့်ကြဘူး။ ညံ့တဲ့သူတွေက သူတို့နောက်လိုက်ကြတယ်။

ဒေါက်တာတင့်ဆွေ
၁၆-၅-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး