Shock treatment ရှော့ဖြစ်ရင် ဘယ်လိုကုမလည်း

ရှော့ဖြစ်ရင်ဘယ်လိုကုမလည်းကို ရှေးဦးသူနာပြုလက်စွဲထဲမှာရေးထားပါတယ်။ အခုက အဲတာပြန်တင်မလို့မဟုတ်ပါ။ Shock ရှော့ခ်ဖြစ်နေတဲ့တိုင်းပြည်ကိုတင်တော့ ဖတ်ကြပါတယ်။ အများကြီးတော့ မဟုတ်ဘူးထင်တယ်။ ကျွန်တော်က ဖတ်စေချင်တာ။ အဲတာနဲ့ ဒီစာလေးသုံးပေးမယ့် မီဒီယာကို စာမူထည့်ခပေးမယ်လို့ရေးမလား ၂-၃ ခါ စဉ်းစားခဲ့သေးတယ်။

(ကွန်မင့်) တွေကတော့ အားကောင်းတယ်။ တယောက်ကိုတော့ (ဘလော့ခ်) လုပ်လိုက်တယ်။ ၅-၆ ခါလာရေးတာ၊ အပြုသဘောက တခုမှမပါလို့။

အခုလေးတင် အွန်လိုင်းမီဒီယာတခုက ဆရာရေးပါလားတဲ့။ ဆောင်းပါးလိုဖြစ်အောင်ရေးရမယ်။ တင်ထားတဲ့စာက ဆေးသုတေသနသက်သက်ပါ။ (ကွန်မင့်) တွေထဲက သင့်တာကိုယူသုံးပါရစေ။

ကျွန်တော်ကဆရာဝန်။ နိုင်ငံရေးမှာတော့ NLD ဖြစ်ပေမယ့် ထောက်ပြသင့်တယ်ထင်ရင် ကိုယ့်ပါတီကိုလည်းပြောတာပဲ။ အများသိအောင်ပြောတာရှိတယ်။ အတွင်းကျိတ်ပြောတာရှိတယ်။ ဆေး-ကျန်းမာရေးလည်း အဲလိုလုပ်တယ်။ ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေဖက်ကချည်း ရှေ့နေတွေ သူ့အမှုသည်အနိုင်ရအောင်ပြောကြရသလိုတော့ မလုပ်ပါ။ ဘက်မလိုက်ဘူးလားတော့ မမေးနဲ့ လိုက်တယ်။

ဒေါက်တာတင့်ဆွေ
၁၉-၅-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး