Shock ရှော့ခ်ဖြစ်နေတဲ့တိုင်းပြည်

Aung Moe ‎ဗမာ ဆရာဝန်များ
ဆေးပညာရှင်အားလုံး သတိပြုရန် - လူရှုတ်များဟာ ပခုက္ကူဆေးရုံမှာ ဆေးရဲ့ပင်ကိုသဘောသဘာဝအရ ဓာတ်မတည့်လို့ သေတဲ့ ထမင်းရည်ပူလောင်ထားတဲ့ (ရာဇဝတ်မှုနဲ့ဆိုင်တဲ့) လူနာနဲ့ ပတ်သက်ပြီး ဆေးပညာရှင်တွေကို စော်ကားနေကြပါတယ်။ ဒါကို ဆေးပညာရှင်အားလုံးက ပြန်လည် မတုံ့ပြန်ဘဲ ကိုယ်နဲ့မဆိုင်သလိုနေကြရင် နောက်တခါ အစော်ကားခံရမယ်။ ငွေအညှစ်ခံရမယ်။ သူဟာ သင် ဖြစ်သွားနိုင်ပါတယ်။ လူပုံလည်မှာ သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ ဒေါ်ခင်ဝင်းတုန်းကတောင် ဆန္ဒပြခွင့်မပေးပဲ ရာဇဝတ်မှုနဲ့ ဆိုင်တဲ့ ထမင်းရည်ပူလောင်ထားတဲ့လူနာ ပခုက္ကူဆေးရုံမှာ ဆေးရဲ့ပင်ကိုသဘောသဘာဝအရ (ပင်နီဆလင်နဲ့ ဓာတ်မတည့်သလိုမျိုး) ဓာတ်မတည့်လို့သေတဲ့ သွေးရိုးသားရိုးကိစ္စကျမှ ဆန္ဒပြခွင့်ရတာလည်း စဉ်းစားစရာပါ။ ဆန္ဒပြရာမှာ အထက် (အစိုးရ) က ကောင်းပြီး အောက်ခြေ (ဆေးပညာရှင်အားလုံး) က မကောင်းဘူးဆိုတဲ့ စကားကလည်း သူတို့နောက်မှာ ဘယ်သူရှိသလဲဆိုတာ ပြနေသလိုပါပဲ။

Tint Swe ကျွန်တော် စာလေးတပုဒ်ရေးပါရစေ။ မြန်မာပြည်မှာ (ရှော့ခ်) လို့ခေါ်ကြတယ်။ သိပ်မမှန်ပါ။

(က) Journal of the Royal Society of Medicine ယူကေနိုင်ငံက တော်ဝင်ဆေးပညာအသင်း ဂျာနယ်မှာ ၁-၃-၂ဝဝ၈ နေ့ထုတ်ထဲမှာ ဖေါ်ပြထားတဲ့ သုတေသနတခုရှိပါတယ်။ Trends in national incidence, lifetime prevalence and adrenaline prescribing for anaphylaxis in England အင်္ဂလန်နိုင်ငံမှာ (အနာဖလက်ဆစ်) ခေါ်တဲ့ဓါတ်မတည့်မှု တမျိုးသားလုံး ဖြစ်နှုန်းနဲ့ (အဒရီနယ်လင်) ဆေးသုံးခြင်းကို လေ့လာမှုပြုထားတာ ဖြစ်ပါတယ်။

ဖြစ်ခဲတဲ့၊ ရုတ်ရက်ဖြစ်တဲ့ Anaphylaxis (အနာဖလက်ဆစ်) ဘယ်လောက် အဖြစ်များသလည်း၊ ဖြစ်ပေါ်မှုလားရာက ဘယ်လိုလည်း၊ (အဒရီနယ်လင်) ဆေးဘယ်လောက်သုံးသလည်းသိရှိဘို့ ဒေတာတွေရယူပြီး လေ့လာပါတယ်။ စုဆောင်းရယူခဲ့တဲ့ ၂ဝဝ၁ ကနေ ၂ဝဝ၅ အတွင်းက မှတ်တမ်းပေါင်း ၉ သန်းရှိတယ်။ အသက်-လိင်ခွဲခြားထုတ်ယူတယ်။

ရလဒ်
• Age-sex standardized incidence of anaphylaxis ၂ဝဝ၁ တုံးက လူနာ တသိန်းမှာ ဖြစ်နှုန်း ၆့၇ ယောက်။
• Age-sex standardized incidence of anaphylaxis ၂ဝဝ၅ တုံးက လူနာ တသိန်းမှာ ဖြစ်နှုန်း ၇့၉ ယောက်။
• အဖြစ်တိုးလာမှု ၁၉% ရှိတယ်။
• Lifetime age-sex standardized prevalence ဖြစ်ပွါးနှုန်း ၂ဝဝ၁ တုံးက လူနာ တသိန်းမှာ ဖြစ်နှုန်း ၅ဝ ယောက်။
• Lifetime age-sex standardized prevalence ဖြစ်ပွါးနှုန်း ၂ဝဝ၅ တုံးက လူနာ တသိန်းမှာ ဖြစ်နှုန်း ၇၅့၅ ယောက်။
• အဖြစ်တိုးလာမှု ၅၁% ရှိတယ်။
• Adrenaline (အဒရီနယ်လင်) ဆေးသုံးစွဲမှု ၉၇% တိုးလာတယ်။
• ၂ဝဝ၅ ခုနှစ်အကုန်မှာ ဘဝတသက်တာမှာ (အနာဖလက်ဆစ်) ဖြစ်ဘူးသူပေါင်း ၃၇၈ဝဝ ယောက်ရှိခဲ့တယ်။

ကောက်ချက် = (အနာဖလက်ဆစ်) ဖြစ်နှုန်း တိုးလာတယ်။ ဆေးသုံးစွဲမှု သိသိသာသာတိုးလာတယ်။ အင်္ဂလိပ်လူမျိုး ၁၃၃၃ ယောက်မှာ ၁ ယောက်ကျဖြစ်တယ်။

(ခ) NEMJ Journal Watch အမေရိကန်ပြည်ထောင်စု ဂျာနယ်စောင့်မှာ ၂၂-၄-၂ဝ၁၄ နေ့က ရေးထားလည်းရှိပါတယ်။
ဆေးရုံတင်ရတဲ့ အသက်ကြီးသူတွေကို အန္တရာယ်ဖြစ်မှုနဲ့ သေဆုံးမှုကို လေ့လာတာဖြစ်တယ်။

Anaphylaxis incidence is increasing in the U.S. (ယူအက်စ်) မှာ (အနာဖလက်ဆစ်) ဖြစ်ပွားမှု တိုးနေတယ်လို့ ဆိုပါတယ်။ ယူအက်စ်နဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ (အနာဖလက်ဆစ်) ဖြစ်ပွါးမှုတိုးလာတယ်။ Case-fatality rates and mortality သေဆုံးမှုကို ဆန်းစစ်ချက်လုပ်ထားတယ်။

• ၁၉၉၉ ကနေ ၂ဝဝ၉ အထိ နှစ်စဉ် (အနာဖလက်ဆစ်) ကြောင့်ဆေးရုံတက်ရသူအရေအတွက် ၅၇ဝဝ ကနေ ၇၇ဝဝ အထိများလာတယ်။
• ဒီကာလအတွင်းမှာ သေဆုံးမှု ၆ဝ ရှိခဲ့တယ်။ ပထမ ၅ နှစ်အတွင်းတုံးက ၁% သေဆုံးတယ်။ ဒုတိယ ၅ နှစ်အတွင်း နည်းနည်းလျော့လာခဲ့တယ်။
• ၂ဝဝ၆ ကနေ ၂ဝဝ၉ အတွင်း နှစ်စဉ် လူနာ ၂၅ဝဝဝ ကနေ ၃ဝဝဝဝ အထိတိုးလာတယ်။ တနှစ်မှာ လူနာ ၈ဝ သေဆုံးတယ်။ Case-fatality rate ဝ့၃% သေဆုံးတယ်။
• ခြုံလိုက်ရင် စုစုပေါင်း လူနာ ၂ဝဝ လောက်နှစ်စဉ် (အနာဖလက်ဆစ်) ကြောင့်သေဆုံးတယ်။
• အသက် ၇၅ နှစ်ကနေ ၈၄ နှစ်မှာ အများဆုံးသေဆုံးရတယ်။
• Drugs ဆေးဝါးက ပထမအများဆုံးဖြစ်တယ်။ အတိပ်ကြောင့်ဖြစ်တာက ဒုတိယလိုက်တယ်။

ကျွန်တော့်မှတ်ချက်
ကျန်းမာရေးဝန်ထမ်းတွေဟာ တခြားအစိုးရဌာနဝန်ထမ်းတွေလိုပဲ လုပ်ရဲ့တာဝန်နဲ့ အစိုးရလစာရတာ ခြားနားမှုမရှိပါ။ ဒါပေမယ့် အစိုးရကိုသာကာကွယ်ဘို့တာဝန်ရှိတဲ့ (လက်နက်ကိုင်အဖွဲ့တွေအားလုံး + အစိုးရပါတီဝင်ဝန်ထမ်းတွေ) နဲ့ (အဲလိုမဟုတ်တဲ့ ဝန်ထမ်းတွေ) ဟာ ခွဲခြားဆက်ဆံခံနေကြရတယ်။ အပြစ်ပေးအရေးယူတာ ခံနေရတယ်။ သွားပုပ်လေလွှင့်ပြောတာ ခံနေရတယ်။ ဆန္ဒပြတာအထိ ခံနေရတယ်။ 

ပုံမှာပါတဲ့ EpiPen ခေါ်တဲ့ အရေးပေါ် (အနာဖလက်ဆစ်) ကုသဘို့ထိုးဆေး မြန်မာပြည်က အစိုးရဆေးရုံဘယ်နှစ်ခုမှာ အစိုးရက ဖြည်တင်းပေးထားပါသလည်း။ Epinephrine autoinjector လို့ခေါ်တယ်။ epinephrine (adrenaline) ဆေးကို ဆေးထိုးအပ်နဲ့ အဆင်သင့်လုပ်ထားပြီးသာဖြစ်တယ်။

မသေတဲ့ဆေးသမား မရှိပါ။ မဆင်းချင်တဲ့အာဏာရှင်သာရှိတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၅-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး