Stool pigeon ဖေါ်ကောင်

• ၁၉-၇-၁၉၄၇ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်မှုမှာ ဘညွန့်က ဖေါ်ကောင် ဖြစ်တယ်။
• ဒီပဲယင်း ကြည်ရွာမ၊ ၃ဝ-၅-၂ဝဝ၃ ညပိုင်းက လုပ်ကြံမှုကြီးအတွက် ဖေါ်ကောင်ထွက်ပေါ်လာပြီ။ ဒီပဲယင်း ကွန်မင်ဒါချုပ်ကြီးကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်ကြောင်းနဲ့ အကောင်အထည်ဖေါ်သူတွေဟာ ဗိုလ်ချုပ်ကြီးစိုးဝင်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်တို့ဖြစ်ကြတယ်လို့ အဲဒီအချိန်က နာမည်ဆိုးထွက်တဲ့ စစ်ထောက်ချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်က သူ့စာအုပ်ထဲမှာ ဖေါ်ကောင်လုပ်ပြီးရေးလိုက်တယ်။ ဗခကခင်ညွန့်လည်း ကျောင်းသားသမဂ္ဂ အဆောက်အဦကို ဒိုင်းနမိုင်းနဲ့ ခွဲတဲ့တရားခံကို ဗိုလ်ချုပ်နေဝင်းနဲ့ ဦးအောင်ကြီးနဲ့တို့ တယောက်ကိုတယောက် လွှဲချနေသလိုပါပဲ။ စွမ်းအားရှင်အဖွဲ့ရဲ့ ဂေါ့ဖါသား ဦးအောင်သောင်းနာမည်ကို ထိန်ချန်ထားပေးတယ်။
• ရန်ကုန်မြို့တော်ခန်းမနဲ့ လက်ပတန်းဖြိုခွင်းမှုတွေရဲ့ ကွန်မင်ဒါချုပ်ကြီးဘယ်သူလည်း။ ဘယ်သူကနေ ဖေါ်ကောင် လုပ်မလည်း။

ဒေါက်တာတင့်ဆွေ
၁၁-၃-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး