The joy of being incomplete မပြည့်စုံပေမယ့်ဖြေရပါတယ်

May 13th, 9:31am
မင်္ဂလာပါဆရာ။ ကျွန်မ မန္တလေးကပါ။ ၂၃ နှစ်ပါရှင့်။ လွန်ခဲ့တဲ့ ၂ပတ်လောက်က နေပူမိုးရွာဖြစ်လိုက်တာ ချောင်းဆိုး ဖြစ်သွားပါတယ်ရှင့်။ ဆရာဝန်ပြတော့ လေပြွန်ရောင်တယ်ပြောပါတယ်ဆရာ။ ဆေးသောက်ပြီး အခုခရီးသွားနေတာပါ။ ဆေးက ကုန်သွားပြီး အခုချောင်းဆိုးကျန်နေပါသေးတယ်။ ချောင်းဆိုးရင် အသက်ရှူကြပ်လာပြီး ချွဲအကြည်တွေ ပါပါတယ်ဆရာ။ ချောင်းဆိုးပြီးရင် အသံတွေလည်း ဝင်သွားပါတယ်။ အစာစားရင် လည်ချောင်းမှာ ကပ်နေသလိုပဲဆရာ။ ဓာတ်မှန်တွေရိုက်ဖို့ လိုမလားဆရာ။ သမီးအတွက် ဒါနဲ့ပတ်သက်ပြီး နည်းနည်းပြောပြပေးပါလားရှင့်။ ကျေးဇူးတင်ပါတယ်။

အရင်သောက်ခဲ့တဲ့ဆေး မသိပါ။ ပိုးသေဆေးဖြစ်နိုင်တယ်။ ဆေးအလေးချိန်နဲ့ ရက် မသိပါ။ အသက်ရှူလမ်းပိုးဝင်တာမျိုးက ပျောက်ကာနီးရင် ချောင်းပိုဆိုးတတ်တယ်။ ထွက်စရာတွေက ထွက်နိုင်လာလို့ထွက်အောင်လုပ်တာဖြစ်တယ်။
ချောင်းဆိုးသက်သာဆေး ရိုးရိုးဖြစ်ဖြစ်၊ ချွဲထွက်ချောင်းဆိုးပျောက်ဆေးဖြစ်ဖြစ် သောက်နိုင်တယ်။ ပိုးသေဆေးရက်နည်းရင်တော့ ရက်ပိုသောက်ရတယ်။

May 13th, 9:33am
ဆရာခင်ဗျာ ဒီသတင်းလေးကိုလဲ အချိန်ရရင်အတည်ပြုပေးပါဦးခင်ဗျာ။ ဆရာရဲ့ ဖေ့စ်ဘွတ်မှတဆင့်ပါ။
ကျေးဇူးတင်ပါတယ်။ Parents warned against giving paracetamol and ibuprofen for mild fever
http://www.telegraph.co.uk/news/health/news/8351085/Parents-warned-against-giving-paracetamol-and-ibuprofen-for-mild-fever.html
ဟုတ်ပါတယ်။ Paracetamol (ပါရာစီတမော) လူပြောများလာပြီကိုအရင်ကတည်းကရေးထားပါတယ် ပို့လိုက်ပါတယ်။

May 13th, 10:20am
Ibuprofen 200mg ကိုတစ်ကြိမ်လျှင် ဘယ်နှစ်လုံးသောက်ရမှာပါလဲရှင့် ကျေးဇူးပြု၍ဖြေ ကြားပေးစေလိုပါတယ်ရှင့်
၂-၃-၄ ကြိမ်အထိသောက်နိုင်ပါတယ်။ တချို့က 400 mg အထိလိုတတ်တယ်။ Ibuprofen (Advil, Motrin, Nuprin) 200 mg အနာကိုသက်သာစေတဲ့ အဆင့် = ၂့၅။ ကိုက်ခဲခြင်း၊ နာခြင်း၊ အအေးမိ၊ သွားကိုက်၊ ကြွက်သားနာ၊ ခါးနာ၊ ရာသီလာစဉ်နာခြင်း၊ ကိုယ်ပူခြင်း၊ ဘေးထွက်-ဆိုးကျိုး = အလာဂျီရခြင်း၊ ပန်းနာ၊ ဗိုက်အောင့်၊ ကိုယ်ဝန် တတိယ ၃ လနောက်ပိုင်း မပေးသင့်။ လိမ်းဆေးလည်းရှိတယ်။ ဘေးထွက်ဆိုးကျိုးနည်းမယ်။

May 13th, 4:59am
သူငယ်ချင်းတဦးရဲ့အမျိုးသမီးဟာ မနေ့ညကတည်းက နားခေါင်းပိတ် အသက်ရှုမ၀လို့ တရုတ်ဆေးရုံတင်ထားပါတယ်။
လွန်ခဲ့တဲ့ ၃ ရက်ကတည်းက နှာစေးနေပါသေးတယ်။ သူမဟာ ကိုယ်ဝန် ၃ လ လွယ်ထားပါတယ်။ တညလုံးအိပ်မရလို့ အိပ်ဆေးတောင်းတာ ဆရာဝန်ကမပေးပါ။ အိပ်ဆေး သုံးရ မရ ကျေးဇူးပြု၍ဖြေကြားပေးပါ။ နားခေါင်းပိတ်တာကလည်း ပွင့်သွားလိုက် ပိတ်သွားလိုက် ဖြစ်နေပါတယ်။ နှလုံးလည်း တအားတုန်နေပါတယ်။

ဖြစ်တဲ့သူ အသက် မသိပါ။
Pregnancy and Antihistamines ကိုယ်ဝန်နှင့် (အင်တီဟစ်တမင်းး) ဆေးစာကိုပို့လိုက်ပါတယ်။ 

May 13th, 8:33am
ဆရာရှင့် Duphaston, progynova, crinone vaginal gel စသည့်ဆေးများဟာ ဘာဆေးလဲဆိုတာရယ်
မည်သည့်နေရာတွေအသုံးပြုပြီး ဘယ်လိုကောင်းကျိုးဆိုကျိုးတွေ ရှိပါသလဲရှင့်။

မေးတဲ့သူ အသက် မသိပါ။ ရာသီ မသိပါ။ အိမ်ထောင်ရေး (ဆောရီး) မသိပါ။
- Duphaston tablets 10mg ဆေးဆိုတာ နေရာအမျိုးမျိုးမှာသုံးတယ်။ Progesterone ဟော်မုန်းဖြစ်တယ်။ secondary amenorrhoea ရာသီမလာသူတွေပေးတယ်။ Dysmenorrhoea ရာသီလာချိန်နာသူတွေလည်းပေးတယ်။ Abnormal uterine bleeding ရာသီမမှန်သူတွေပေးတယ်။ Endometriosis သားအိမ်ရောဂါကိုလည်းပေးတယ်။ Infertility ကလေးမရနိုင်သေးသူတွေလည်းပေးတယ်။ Miscarriage ကိုယ်ဝန်အလိုလိုပျေက်သူလည်းပေးတယ်။

- Progynova tablets 2mg ဆေးကို Oestrogen အီစထိုဂျင်ဟော်မုန်းနည်းသူတွေကိုပေးတယ်။ Hormone replacement therapy (HRT) ဟော်မုန်းအစားထိုးကုသရာမှာသုံးတယ်။ Menopause သွေးဆုံးချိန်နဲ့ မျိုးဥအိမ်ထုတ်ရသူတွေကိုပေးတယ်။

- Crinone vaginal gel မွေးလမ်းကြောင့်ထည့်ဆေးဆိုတာ Progesterone ဟော်မုန်းဆေးဖြစ်တယ်။ Infertility in women ကလေးမရနိုင်သေးတဲ့အမျိုးသမီးတွေကိုပေးတယ်။

ဒေါက်တာတင့်ဆွေ
၁၃-၅-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး