Things get worse as get older ကြီးမိုက်

ပို့စ်တခု = ဘူးလက်လှဆွေ ရဲ့ ပေါက်ကရစာအုပ်ကို ဆရာကျော်ဝင်းက အမှာစာရေးပေးတယ်ဆိုတော့ ဒုက္ခပါဘဲ စဉ်းစားမရပါလား ဆရာကျော်ဝင်းရယ်။ အရူးဘုံမြှောက်တော့ ဖြစ်ကုန်ပြီ

အတူတူပဲမဟုတ်ဘူးလားဗျ။

ဆရာပြောတာ ဖြစ်နိုင်တယ်ဆရာ

ဒီလိုပါ။ လူအများစုဟာ နာမည်ကြီးသူတဦးဦးကို လိုတာထက်ပိုပြီး အထင်ကြီးထားတတ်တယ်။ ပိုပြီးအထင်သေးလည်း ထားတတ်ကြတယ်။ တဖြည်းဖြည်းနဲ့ အဲဒီပုဂ္ဂိုလ်ရဲ့ တကယ်အရှိကို သိသိလာကြတယ်။ ထင်ထားတာထက် ညံ့တာရော၊ ညံ့တယ်ထင်တာထက် ကောင်းတာပါသိလာနိုင်တယ်။ အဲတာလည်း အကုန်မဟုတ်သေးပါ။

အစကတည်းက မတော်သူကို အထင်ကြီးခဲ့မိတတ်ကြတယ်။ တနေရာမှာတော်ပြီး တခြားနေရာမှာ သိပ်ညံ့တာမျိုးလည်း ရှိသေးတယ်။ အခုစာရေးဆရာနဲ့ စာအုပ်ဆရာကိုသာ ပြောတာမဟုတ်ပါ။

အဲ့ တချို့ကြ ကြာလေ ဆိုးလေဆိုတာ သိသိလာတယ်။ ကြီးမိုက်တွေ တွေ့ဘူးလှပြီဗျ။

ဒေါက်တာတင့်ဆွေ
၂ဝ-၅-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး