U.S.-Myanmar Engagement Conference

ကနေ့ အမေရိကန်-မြန်မာချိတ်ဆက်မှုကွန်ဖရင့်ကို အင်ဒီယာနာတက္ကသိုလ်မှာ လုပ်ပါတယ်။ မီဒီယာသတင်းပို့သလိုရေးမှာ မဟုတ်ပါ။ တက်ရောက်သူတယောက်အနေနဲ့သာ ရေးပါရစေ။

Indiana University Center for International Business Education & Research အင်ဒီယာနာ တက္ကသိုလ် နိုင်ငံတကာ စီးပွါးရေးပညာနှင့်သုတေသနဌာန၊ Burmese American Community Institute မြန်မာ-အမေရိကန် ကွန်မြူနတီ အင်စတီကျု၊ IU Kelley School of Business Institute for International Business အင်ဒီယာနာ တက္ကသိုလ် ကယ်လီ နိုင်ငံတကာစီးပွါးရေးပညာ အင်စတီကျု၊ IU Office of International Development အင်ဒီယာနာ တက္ကသိုလ် နိုငံတကာဖွံ့ဖြိုးရေးနဲ့ IU Center for Constitutional Democracy အင်ဒီယာနာ တက္ကသိုလ် ဖွဲ့စည်းပုံ ဒီမိုကရေစီဌာနတွေကနေ ပူးပေါင်းစီစဉ်တာဖြစ်ပါတယ်။

အင်ဒီယာနာလို အမေရိကန်ပြည်ထောင်စုထဲက သိပ်ပြီးထင်ပေါ်တာမဟုတ်တဲ့ ပြည်နယ်တခုမှာ ဘာလို့ U.S.-Myanmar Engagement Conference မြန်မာ-အမေရိကန်ဆက်ဆံရေး နိုင်ငံတကာကွန်ဖရင့်လုပ်သလည်းဆိုရင် စီစဉ်တဲ့ အသင်းအဖွဲ့နဲ့ဌာနတွေကြည့်ရင် သိပါမယ်။ ကနေ့ကိန်းဂဏန်းတွေအရ အင်ဒီယာနာပြည်နယ်ထဲမှာ မြန်မာပြည်နေ အခြေချနေထိုင်သူပေါင်း (အင်ဒီယာနာပိုးလစ်မှာ ချင်း ၁၂ဝဝဝ + တခြားတိုင်းရင်းသား ၂ဝဝဝ) + (ဖို့ဒ်ဝိန်းမှာ တိုင်းရင်းသားအစုံ ၇ဝဝဝ) ရှိပါတယ်။

အင်ဒီယာနာတက္ကသိုလ်မှာ အင်္ဂလိပ်စာပါမောက္ခလုပ်နေသူ မြန်မာအမျိုးသမီးကြီး တဦးနဲ့တွေပါတယ်။၊ သူ့အဖေက ၁၉၉ဝ မှာ NLD ကိုမဲထည့်ပြီး မကြာခင်ကွယ်လွန်တယ်လို့ပြောပါတယ်။ ဒီမြို့ကနေ ၃ နာရီခရီးဝေးတဲ့ဆီကလာတဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကတဦးလဲ တွေ့တယ်။ အိန္ဒိယတုံးက အတူလုပ်ကိုင်ခဲ့သူ လူဟောင်းတချို့လည်းပြန်တွေ့ရလို့ ဝမ်းသာ အယ်လည်းဖြစ်ကြရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗီဒီယိုနှုတ်ခွန်းဆက်နဲ့စပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်တင်က အဓိကမိန့်ခွန်းပြောပါတယ်။ သံအမတ်ကြီးက ရိုးရိုးရှင်းရှင်း နှိမ်ချပြီးပြောသွားပါတယ်။ ကျွန်တော်နဲ့မိတ်ဆက်တော့ ကျွန်တော့်နာမည်ကြားဘူးတယ်၊ လူချင်းအခုမှတွေ့တယ်လို့ ပြောပါတယ်။ သံအမတ်ကြီးကို မနေ့က လှေစီးဒုက္ခသည်အရေး ကုလလုံခြုံရေးကောင်စီမှာ တံခါးပိတ်စည်းဝေးတာကို မေးဖြစ်ပါတယ်။

သြစတေးလျတက္ကသိုလ်က Dr. Nicholas Farrelly ဒေါက်တာ (နစ်ကိုလပ်စ် ဖာရယ်လီ) ဟာ နေပြည်တော်မှာ လွှတ်တော်အမတ်တွေထက်ပိုပြီး လွှတ်တော်ကိုရာက်သူလို့ပြောနိုင်ပါတယ်။ နေပြည်တော်က စစ်သမိုင်းပြတိုက်ကို သွားကြည့်သင့်ကြောင်း ထည့်ပြောပါတယ်။ နေ့လည်စာတစားပွဲတည်းရင်းတော့ အတွင်းကျတာလေးတွေပါပြောလို့ သိရပါတယ်။

နောက်တယောက်က Anne M. Gillman (အယ်နီ ဂီးလ်မင်း) ကတော့ အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနက မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုဆိုင်ရာအရာရှိဖြစ်တယ်။ မြန်မာပြည်မှာ ကုန်သွယ်စီးပွးလုပ်ရာမှာ လွယ်တာတွေနဲ့ ခက်ခဲတာတွေကို ပြောသွားပါတယ်။

နောက်အမျိုးသမီးတယောက်ကတော့ Dany Khy (ဒယ်နီ ခေး) ကတော့ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးမှု အာရှဗျူရိုအရာရှိ ဖြစ်တယ်။ အချက်အလက်တွေနဲ့ တင်ပြဆွေးနွေးတယ်။ သဘာဝပတ်ဝန်းကျင်ကို ထည့်မပြောလို့ ကျွန်တော်ကမေးတာကို ပြန်ဖြေပါတယ်။

ဝါရှင်တန်မြန်မာသံရုံးက စီးပွါးရေးအတွင်းဝန် ဒေါ်စန္ဒာလွင်က အစိုးရရဲ့စီးပွါးရေးနဲ့ ရင်းနှီးမြှုပ်နှံမှုပေါ်လစီတွေကို ပြောသွားပါတယ်။

David C. Williams ပါမောက္ခ ဒေးဗစ် ဝီလီယန်ကတော့ အင်ဒီယာနာ တက္ကသိုလ် ဘလူမင်တန် ဥပဒေကျောင်းက ဖြစ်ပါတယ်။ စီးပွါးရေးလုပ်ဘို့ အမေရိကန်စံနှုန်းတွေကို တခုချင်းထောက်ပြပါတယ်။

ရန်ကုန်အခြေစိုက် US-ASEAN Business Council အမေရိကန်-အာစီယံ စီးပွါးရေးကောင်စီက Jay Martin (ဂျေ မာတင်) ကလည်းပြောပါတယ်။ သူက ဒေါ်စုမိန်းခွန်းမှာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကနေ မြန်မာပြည်မှာ ချမ်းသာသူတွေကိုသာ အကျိုးပြုနေတယ်လို့ပါတာကို ရွေးကောက်ပွဲနီးလို့ပြောတဲ့စကားမျိုးလိုလိုပြောတယ်။ ကျွန်တော်က မဟုတ်ကြောင်း ငြင်းတော့ သူက အဲလိုမဆိုလိုပါဘူးလို့ ပြန်ရှင်းပါတယ်။

ဥရောပ-ဗားမားရုံးက အမှုဆောင်ဒါရိုက်တာ Harn Yawnghwe ဟတ်ညောင်ရွှေကလည်း ကနေ့လုပ်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ရှင်းလင်းတယ်။ ဟန်နဲ့က NCGUB အဝေးရောက်အစိုးရထဲမှာ ကျွန်တော်တို့နဲ့ နှစ်တွေ အတော်ကြာ အတူလုပ်ခဲ့ဘူတယ်။ ကွန်ဖရင့်မတိုင်ခင်ညနေက ကျွန်တော့်အိမ်အထိလာလည်လို့ သူ့ကို ဝမ်းမြောက်ဝမ်းသာကြိုတယ်။ ပြည်တွင်းအခြေအနေ အကဲဖြတ်ချက်တွေသိရတယ်။ အလားအလာတွေကိုလည်း သူနဲ့အတူ တွက်ချက်ကြတယ်။ စကားပြောရတာ အကျိုးရှိပါတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၅-၂ဝ၁၅
Photo from Ko Win Khine (DPNS), Owensboro, Kentucky

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး