Voice lifts အရင်ကလို အသံကောင်းချင်သလား

Face lifts မျက်နှာကိုအလှပြင်နည်း၊ Butt lifts ဆန့်ကျင်ဖက်လိင်ကို ဆွဲဆောင်မှုကောင်းဖို့ရာ တင်ကိုပြုပြင်ခြင်း၊ Brow lifts ခုံးမျက်စသုံးရက်လှ လုပ်ခြင်းဆိုတဲ့ ပလပ်စတစ်ခွဲစိတ်ပြုပြင်နည်းတွေရှိထားတယ်။ အခုတခါ Voice lift အသံကောင်းအောင် လုပ်ချင်ကြပါသလား။

(ပလပ်စတစ်ဆာဂျင်) တွေဆီလာပြီး ငယ်ရုပ်ဆင်ချင် လှသထက်လှချင်သူတွေ အတော်ကိုများတယ်။ အသံဆိုတာ (ဗိုက်ကယ်ကော့ဒ်) ဆိုတာကလုပ်ပေးတယ်။ အဲဒီ (ဗွီ) ပုံစံအရွတ်ပြားချောင်းကလည်း အသက်ရတော့ ညောင်းလာတယ်။ အရင်ကလို အသံမျိုးထွက်မပေးနိုင်တော့ပါ။ အသက် ၅ဝ ကျော်ရင် သိသာလာပြီ။ အသံကိုအားပြုသူတွေမှာ ပိုပြီးအသံကို သိပ်ဂရုစိုက်နေခဲ့ကြရလို့ စိတ်ဖိအားပါများကြတယ်။

အဲဒီအသံကြိုးကိုထိခိုက်မိရင် ပြုပြင်ဘို့ရာ နည်းနာတွေတော့ရှိတယ်။ ထိခိုက်မိရာကနေ (ပါရလိုက်စစ်) ဖြစ်ရင်တော့ ခက်ပြီ။ (ပေါလစ်) လိုအသီးပေါက်တာမျိုး ခွဲထုတ်ပေးနိုင်တယ်။ အသက်ကြီးလို့ဖြစ်လာတဲ့အပြောင်းအလဲကို ပြုပြင်နည်းက အသစ်ဖြစ်တယ်။

နည်းတွေထဲကတခုကတော့ ဗိုက်ကနေယူတဲ့အဆီကို vocal folds (ဗိုကယ်လ်ဖိုးလ်ဒ်) နေရာမှာထိုးပေးနည်းဖြစ်တယ်။
နောက်တနည်းက collagen (ကိုလာဂျင်) ကိုသုံးတယ်။ (ဗိုကယ်လ်ဖိုးလ်ဒ်) ပိုထူလာစေမယ်။ (ဗိုကယ်ကော့ဒ်) လှုတ်ရှားမှု ပိုကောင်းစေမယ်။ အဲလိုနည်းတွေကို fillers ဖြည့်ပေးနည်းလို့ခေါ်တယ်။ သိထားဘို့က ယာယီသာခံတယ်။

တာရှည်အတွက်ဆိုရင် silicone implants ခေါ်တဲ့သေးငယ်လှတဲ့ စီလီကွန် အစားထိုးတာသုံးနည်းရှိတယ်။ အဲလိုနည်း မရွေးခင် ကိုယ်တိုင် (ရီဆာ့ခ်ျ) သုတေသန လုပ်ရမယ်။ Mother Nature အမေပေးထားတဲ့သဘာဝ မပျက်စီးပဲနဲ့တော့ မပြင်ချင်ပါနဲ့။ ဘယ်ပြုပြင်နည်းမှာမဆို သေးသေးကြီးကြီး၊ ထိပ်တန်းနေရာမှာ ထိပ်တန်းဆရာဝန်ကနေ လုပ်ပေးတာ ဖြစ်ပါစေ သတိထားစရာတွေ အန္တရာယ်တွေရှိစမြဲဖြစ်တယ်။

လုပ်တော့မယ်လို့ဆုံးဖြတ်ရင် ကောင်းတာကိုရှာပါ။ တရားဝင်အသိအမှတ်ပြုထားတာကိုရှာပါ။ အတွေ့အကြုံများတာကို ရွေးပါ။ သမားအိုမှ။ ကျွန်တော်တော့ အရင်ကလို ရေဒီယိုအင်တာဗျူးတွေမှာ အသံကောင်းကောင်းမဟစ်နိုင်တော့လို့ တယောက်ယောက်ကနေ ဆရာလုပ်ပါလား၊ အကူအညီပေးမယ်လေလို့ အလှူပေးမယ့်သူရှိရင်တောင် မလုပ်ချင်ပါဗျာ။

ဒေါက်တာတင့်ဆွေ
၁၅-၅-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး