Bird food ငှက်စာ

ဒီမှာက ဆင်ခြင်ရှောင်ကြဉ်စရာတွေက များတယ်။ ငှက်ကလေးတွေ အစာကျွေးတာ မြက်ခင်းနဲ့မြေကြီးမှာ ပက်ကျဲပြီး ကျွေးလို့မရဘူးတဲ့။

ဒါနဲ့ မနေ့က Garden bird feeder ငှက်စာကျွေးစရာလေးတခု ဝယ်လာရတယ်။ Wild bird food ငှက်စာ ၁ဝ ပေါင်အိတ်ကို ၆ ကျပ်ပေးရတယ်။ မြေးနံပါတ်သုံး မတာရာက သစ်ကိုင်းမှာဆွဲချိတ်ပေးပါတယ်။

အိပ်ယာထကနေ အိပ်ရာဝင်အထိ အပြင်သွားစရာမရှိတိုင်း ထိုင်အလုပ်လုပ်တဲ့နေရာကနေ လှမ်းမြင်နေရတယ်။

ဒေါက်တာတင့်ဆွေ
၁၇-၆-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး