Black and Vote အမည်းနဲ့ မဲ

• ကျွန်တော်နာမည်ကိုတော့ အမည်းစာရင်းကဖျက်ပြီးပြီတဲ့။
• မဲစာရင်းထဲမှာတော့ မပါဘူးတဲ့။
• မည်းနက်ပြီး မည်းကြုတ်မဟုတ်တော့ဘူးတဲ့။
• မည်းချိပ်ချိပ်နဲ့ မည်းပုပ်ပုပ်လည်းမဟုတ်တော့ဘူးတဲ့။
• မဲစာရင်းမှာမပါလို့ မဲပြားတော့မပေးနိုင်ဘူးတဲ့။
• မဲဆန္ဒနယ်က မဲဆန္ဒရှင်တွေကို မဲဆွယ်နေလို့တဲ့။
• သူတို့နဲ့ကျွန်တော် သည်းကြီးမည်းကြီးတိုက်နေကြတာကြာပါပြီ။
• ကျွန်တော်က သဲသဲမဲမဲဇွဲနပဲ မလျှော့ပါ။
• သူတို့အမည်းစက်ကို ကျွန်တော်ကတော့ ဘယ်သောအခါမှ ဖျက်ပေးမှာမဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၂-၆-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး