Election campaign စည်းရုံးရေးနှစ်မျိုး

ကွန်မင့်တခု = NLD က ကြံဖွံ့ထက်ကောင်းတာ မှန်ပါတယ်။ ဒါပေမယ် အဲဒီတစ်ခုတည်းနဲ့ NLD လုပ်သမျှကောင်းပြီး ကြံ့ဖွံ့လုပ်သမျှမကောင်းဘူးလို့ မသိမှားမှာစိုးလို့ပါ။

ကောင်းတယ်၊ ပိုကောင်းတယ်ဆိုတာ၊ တိုတယ်၊ ရှည်တယ်လိုသဘောဖြစ်တယ်။ နှိုင်းပြောတာမျိုး။ နှိုင်းရအမှန်လို့ သုံးကြတယ်။

ကိုယ့်ပါတီလုပ်သမျှ ကောင်းတယ်လို့ပြောသူတွေလည်း အမှန်ကတယ်ရှိတယ်။ NLD ထဲမှာအများကြီး။ အဲလိုဖြစ်နေတာက လူ့သဘောအရ ပုံမှန်ဖြစ်တယ်။

သူများပါတီကိုဖြစ်ဖြစ်၊ ကိုယ့်ပါတီကိုပဲဖြစ်ဖြစ် ဝေဖန်ကြတာချည်းပဲ။ စည်းထားတဲ့သူတွေကထားတယ်။ မကြိုက်လို့ပြောသူ ရှိသလို တချို့က မဟုတ်တမ်းတရား စွပ်စွဲတယ်။ ပြောပုံပြောနည်းကတော့ လူတဦးချင်း ကိုယ်ရည်ပုံစံနဲ့ဆိုင်တယ်။

ကြံခိုင်ရေးပါတီက ရွေးကောက်ပွဲအတွက်သက်သက်ရည်ရွယ်ပြီး အခမဲ့ဆေးကုပေးတာကို မကောင်းဘူးလို့ မပြောအပ်တာ မှန်ပါတယ်။ မဲလည်း ပိုရချင်ရသွားမှာပါ။ ၂ဝ၁ဝ တုံးက အဲဒီဆေးခန်းတွေမှာလုပ်ရတဲ့ဆရာဝန်တွေ ဝင်ငွေ ကောင်းကောင်းရတာလည်း အကျိုးရှိမှုတခုဖြစ်ပါတယ်။ ဒါပေမယ့် အပေါစားစည်းရုံးရေးလို့တော့ သတ်မှတ်နိုင်ပါတယ်။

နိုင်ငံရေးဆိုတာ သစ္စာတရားရှာတာတော့ မဟုတ်ပါ။ စည်းရုံးရေးမှူးကောင်းတွေက သူတို့ကိုယ်သူတို့ သူတော်ကောင်းလို့ စာကပ်မထားကြပါ။ ဘာသာရေးကိုလည်း ခုတုံးမလုပ်ကြပါ။

၂ဝ၁၅ ထူးခြားတာတခုက (မဲမပေးရေးကင့်ပိန်း) ဖြစ်တယ်။ ဆန္ဒခံယူပွဲတုံးကလို (နိုး ဘုတ်) မဟုတ်ပါ။ သူတို့ ပေးစေချင်တာကို နာမည်မဖေါ်ရဲလို့ (မလိုတမာ ကင့်ပိန်း) ဖြစ်တယ်။

ရွေးကောက်ပွဲစည်းရုံးကြကာလမှာတော့ ကိုယ့်ပါတီလုပ်သမျှအကောင်းလို့ပြောသူက တော်တဲ့စည်းရုံးရေးသမားဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၁၉-၆-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး