Flying abortion pills ကိုယ်ဝန်ဖျက်ဆေး မောင်းသူမဲ့လေယာဉ်နဲ့ပို့ပေး

၂၇-၆-၂ဝ၁၅ နေ့ကသတင်းဖြစ်ပါတယ်။ ပိုလန်နိုင်ငံမှာ ဥပဒေအရသာကိုယ်ဝန်ဖျက်ချခွင့်ရှိတယ်။ အိမ်နီးချင်း ဂျာမဏီနဲ့ နယ်သာလင်နိုင်ငံတွေမှာတော့ ကိုယ်ဝန်ဖျက်ဆေးကို ဆရာဝန်လက်မှတ်နဲ့ဝယ်လို့ရတယ်။ ဂျာမဏီ Women on Waves အဖွဲ့က အမျိုးသမီးတွေက စာနာစိတ်ထားပြီး (ဖရင့်ဖတ်) ကနေ ကိုယ်ဝန်ဖျက်ဆေးတွေကို မောင်းသူမပါတဲ့ (ဒရုန်း) လေယာဉ်လေးတွေနဲ့ ပိုလန်နိုင်ငံကို ပို့ကြတယ်။ (ဆလူဘိစ်) ရဲမေတွေကအဲတာတွေကို သိမ်းယူလိုက်ကြတယ်။

အရင်ကလည်း ဒတ်ခ်ျက ကင့်ပိန်းလုပ်သူအမျိုးသမီးတွေကလည်း အဲလိုလုပ်ခဲ့ကြပြီးဖြစ်ပါတယ်။ ဆေးပို့ပေးတယ် ဆိုတာထက် ပိုလန်နိုင်ငံရဲ့တင်းကြပ်တဲ့ ကိုယ်ဝန်ဖျက်ဥပဒေကို ဆန့်ကျင်ပြသတာဖြစ်ပါတယ်။

ပိုလန်မှာ ကွန်မြူနစ်ကာလတုံးက ကိုယ်ဝန်ကိုတရားဝင်ဖျက်လို့ရတယ်။ ၁၉၉၃ ရောက်တော့ ခရစ်ယန်ဘာသာလွှမ်းမိုးမှုနဲ့ ဥပဒေနဲ့တားမြစ်လိုက်ပါတယ်။ မုဒိန်းမှု၊ ဆွေးမျိုးချင်နီးကပ်သူချင်းကနေရတဲ့ကိုယ်ဝန်၊ အထဲကကလေးမှာ ဆိုးတဲ့မွေးရာပါ ချို့ယွင်းချက်ရှိနေရင်နဲ့ ကိုယ်ဝန်ဆက်ယူရင်မိခင်လောင်းမှာ အသက်အန္တရာယ်နီးတာမျိုးတွေအတွက်သာ ကိုယ်ဝန် ဖျက်ချခွင့် ပြုပါတယ်။

ဥရောပ ၂၆ နိုင်ငံဟာ Schengen ရှန်ဂန်သဘောတူညီချက်အရ နယ်နိမိတ်တွေကို ဖျက်ထားသလို ကူးလူး ဆက်ဆံနိုင်ကြပါတယ်။ ဆရာဝန်လက်မှတ်နဲ့သာရောင်းချတဲ့ ကိုယ်ဝန်ဖျက်ဆေးကို ဘယ်နိုင်ငံကဆရာဝန်ရေးရေး ပို့ပေးလို့ရတယ်။

အဲဒီအဖွဲ့ကအမျိုးသမီးတွေက ကိုယ်ဝန်ဖျက်ဆေးကို လှေလေးတွေနဲ့လည်း ပို့ပေးနေကြတယ်။ ကိုယ်ဝန်ဖျက်ခွင့် ကန့်သတ်ထားကြတဲ့ စပိန်၊ အိုင်ယာလန်နဲ့ ပိုလန်နိုင်ငံတွေမှာ အဲလိုလုပ်တာကို ဆန့်ကျင်ပါတယ်။ ကက်သလစ်သတင်း Nasz Dziennik ကအဲလိုလုပ်တာကို drone of death သေမင်းတမန်လေယာဉ်ပျံတွေလို့ ခေါ်လိုက်ပါတယ်။

ကိုယ်ဝန်ဖျက်ဆန့်ကျင်ရေးအမျိုးသမီးတွေကတော့ အဲလိုကန့်သတ်ထားခြင်းဟာ အန္တရယ်များတဲ့ ကိုယ်ဝန်ဖျက်နည်းကို ရွေးအောင်လုပ်တာလို့ အကြောင်းပြပါတယ်။

ဂျာမဏီနာဇီလက်ထက်တုံးက သိမ်းပိုက်ထားတဲ့ပိုလန်နိုင်ငံမှာ ကိုယ်ဝန်တားဆေးနဲ့ ကိုယ်ဝန်ဖျက်နည်းတွေသုံးပြီး ပိုလန်တွေကို မျိုးတုံးအောင်ကြံစီခဲ့သေးတယ်။

မနေ့ကပဲ ကော့သောင်ကလာတဲ့မေးခွန်းတခုမှာ ကိုယ်ဝန်ဖျက်ဆေး အဲဒီမှာဝယ်မရကြောင်းရေးလာတယ်။ (အာစီယန်) အုပ်စုအတွင်းမှာ (ရှန်ဂန်) လို ဗီဇာမလိုသဘောတူညီချက်ရလာရင် ထိုင်းဖက်ကနေ ကိုယ်ဝန်တားဆေးတွေ အလွယ်နဲ့ မြန်မာပြည်ကို ရောက်လာလိမ့်မယ်။ (ဒရုန်း) လေယာဉ်တော့မတတ်နိုင်လို့ လေတံခွန်နဲ့ ပို့ပေးနိုင်ကြပါလိမ့်မယ်။ မီးပုံပျံနဲ့လည်းရမယ်။

ဒေါက်တာတင့်ဆွေ
၂၉-၆-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး