Not that simple ပေါ့ပေါ့လေး တွေးလို့မရပါ

အဖြူ-အမည်းစာရင်းထုတ်တာက ၃ဝ-၈-၂ဝ၁၂ ကတည်းကပါ။ ၃ နှစ်ရှိပါပြီ။ အဲတာထွက်ကာစကတည်းက ပြန်ချင်တယ်၊ ပြန်လာဘာလုပ် စတာတွေရေးခဲ့ပါတယ်။ တိုင်ပင်သင့်သူတွေနဲ့တိုင်ပင်တယ်။ အစီအစဉ်လဲ လုပ်သင့်တာတွေလုပ်ပါတယ်။

ကျွန်တော့မှာ ပြန်လာလို့တော့ ယေဘုယျရတယ်လို့ပြောနိုင်ပေမယ့်၊ ထောင် ၂၅ နှစ်ချထားတဲ့ အမိန့်ရှိတယ်။ နေအိမ်နဲ့ ဆေးခန်းလေးလည်း ချိတ်ပိတ်ထားတယ်။ ဆမ လည်းသိမ်းထားတယ်။ တခုမှမယုံရတာကို ၃ နှစ် စောင့်ကြည့်တာ ပြောင်းလဲလာပြီလို့ ထင်ကြပါသလား။

အဲတော့ဗျာ့။

ဒေါက်တာတင့်ဆွေ
၂၃-၆-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး