Orchestra သံစုံဆိုင်းဝိုင်းကြီး

ပုံမှန်နည်းစည်းရုံးရေး
- ကျွန်တော် တော်တယ်။ ကျွန်တော့်ပါတီ ကောင်းတယ်။ ပါတီမူဝါဒ လက်တွေ့ကျပြီး တိုင်းပြည်အကျိုးရစေမယ်။
- ဟိုဖက်ကပြိုင်မယ့်သူ ညံ့တယ်။ သူတို့ပါတီ မကောင်းဘူး။ သူတို့မူဝါဒ လက်တွေ့မကျဘူး။

ဒလံနည်းစည်းရုံးရေး
- ကျုပ်တို့အယူဝါဒ မလိုက်ကြသူတွေ မဲမပေးနဲ့။ ကျုပ်တို့အကြိုက်မလိုက်သူတွေကို သိမယ်။
- ဟိုဖက်ကလူကိုမဲပေးရင် ဒါတွေဖြစ်သွားမယ်။ ကျုပ်တို့မနိုင်ရင် ဒီလိုလုပ်လိုက်မယ်။

မှတ်ချက်
- အယူ တခုတည်းရှိတဲ့တိုင်းပြည်မဟုတ်။ အယူအမည်တူပေမယ့် အဖြူနဲ့ အအူကွဲတယ်။
- ကျုပ်တို့ဆိုသူချည်းသာနေတဲ့တိုင်းပြည်မဟုတ်။
- မရှိတဲ့သူရဲနဲ့ ဖြဲခြောက်နေတယ်။
- ပတ်မကြီးထိုးဖေါက်မယ်လို့ အစောကတည်းကပြောနေတယ်။

ဆုတောင်း
မြန်မာပြည်မှာ မင်္ဂလာစည်တော်သာယွန်းပါစေ။ ဧယင်ကျူးသံမကြားရပါစေနဲ့။

ဒေါက်တာတင့်ဆွေ
၁၇-၆-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး