Plants ပင်ပျို

- ကနေ့ မိုးရိပ်လည်းရှိနေ၊ လေကလည်းတိုက်ပါတယ်။
- တခါတခါ မိုးဖွဲလေးရွာ၊ အပြင်မှာ လေထွက်ရှူရတာ ဝတယ်။
- လှလိုက်တဲ့အပင်ငယ်လေးတွေဟာ မိုးဖွါးလေးတွေကြားမှာ ပျော်ပါးနေကြတယ်။
- ခွဲစိုက်ထားတဲ့ ချဉ်ပေါင်ပင်လေးတွေရှင်၊ သင်္ဘောပင်လေးတွေကလည်း မကြာခင်လက်ဖက်ပွဲမှာ ပါလာမယ်။
- အလည်သွားရင်း လက်ဆောင်ရထားတဲ့ ကင်ပွန်ချဉ်ပင်ကလည်း မြင်ရတာနဲ့အားရတယ်။
- ဘေးနားကပန်းအိုးတွေလည်း မိုးရွာတော့ ပိုပြီးစိမ်းစိုလာတယ်။
- နောက်ထပ်ခွဲစိုက်ဖို့ရာ ပလပ်စတစ်ခွက်သုံးခုအောက်ဖက်မှာ အပေါက်သုံးပေါက်စီ ဖေါက်တားပြီးပြီ။ အန်တီအားရင် စိုက်ဖို့ရာ အဆင်သင့်ပါ။

ဒေါက်တာတင့်ဆွေ
၁၈-၆-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး