Radiofrequency ablation (RFA) ရေဒီယိုဖရီကွင်စီနည်းသုံးချေဖျက်နည်း

Yin Aye Yin ကျမ အဖေ အသည်းအကျိတ် 2.5 cm လောက်ကို စင်္ကာပူမှာ RFA နည်းနဲ့လုပ်တာ ကောင်းသွားပါတယ်။ HIFU နဲ့ RFA ဘယ်နည်းကအသည်း အကျိတ်အလုံးတွက် သင့်တော်နိုင်ပါသလဲဆရာ။

Radiofrequency ablation ဆိုတာ လျှပ်စစ်အင်နာဂျီအပူလွှတ်ပေးနည်းဖြစ်တယ်။ ကင်ဆာဆဲလ်တွေကိုသေစေမယ်။ အရပြားထဲကို ကင်ဆာနေရာထိရောက်အောင် လမ်းညွှန်အဖြစ် အပ်သေးသေးလေးထည့်ရတယ်။ အပူနဲ့ ထိတာတွေ့ လောင်ကျွမ်းပြီး ကင်ဆာဆဲလ်တွေရော ထိရာဆဲလ်တွေကိုပါ သေစေမယ်။

1. Bone အရိုး၊ Kidney ကျောက်ကပ်၊ Liver အသည်း၊ Lung အဆုပ်နဲ့ Prostate ဆီးကျိတ်ကင်ဆာတွေကို အများဆုံးသုံးတယ်။ ခွဲစိတ်ကုသဘို့မဖြစ်နိုင်တဲ့လူနာတွေအတွက်သုံးတယ်။
2. နှလုံးရောဂါတချိုကမှာလည်းသုံးတာ်။ ၂ဝဝ၄ တုံးက ဗြိတိသျှဝန်ကြီးချုပ် တိုနီဘလဲယားကို Atrial flutter ဖြစ်လို့ လုပ်ပေးရတယ်။
3. အလှအပအတွက်လည်းသုံးနိုင်တာတွေရှိတယ်။
4. Varicose veins သွေးပြန်ကြောထုံးတာကိုလည်းသုံးတယ်။
5. Obstructive sleep apnea အအိပ်ပျက်ရောဂါတချိုးမှာလည်းသုံးတယ်။
6. Pain management နာတာသက်သာဘို့လည်းသုံးတယ်။ ဥပမာ Arthritis Pain အဆစ်နာရောဂါ။ Back pain ခါးနာ။
7. Barrett's esophagus အစာမျိုပြွန် ကင်ဆာမဖြစ်ခင်အဆင့်မှာလည်းသုံးတယ်။
8. ကျန်တာတွေလည်းသုံးနိုင်တာတွေရှိပါတယ်။

RFA နည်းဟာ ကင်ဆာအတွက် ပထမဦးစားပေးနည်းမဟုတ်ပါ။ တခြားနည်းနဲ့တွလြုပ်ရတာလည်းရှိတယ်။
ယူကေ ကင်ဆာသုတေသနရဲ့အလိုကတော့
1. Primary liver cancer အသည်းမှာမူလစဖြစ်တဲ့ကင်ဆာ၊
2. Secondary cancer in the liver အသည်းဆီကူးလာတဲ့ကင်ဆာ၊
3. Bile duct cancer သည်းခြေရည်ပြွန်ကင်ဆာ၊
4. Primary lung cancer အဆုပ်မှာမူလစဖြစ်တဲ့ကင်ဆာ၊
5. Secondary cancer in the lung အဆုပ်ဆီကိုကူးလာတဲ့ကင်ဆာ၊
6. Kidney cancer ကျောကပ်ကင်ဆာတွေအတွက် သုံးရတယ်လို့ဆိုပါတယ်။

ကင်ဆာတမျိုးမကဖြစ်နေသူ၊ ကင်ဆာရှိတဲ့နေရာက ခွဲစိတ်ထုတ်ဘို့ခက်တာဆိုရင်၊ ဥပမာ သွေးကြောနဲ့ကပ်နေတာမျိုး၊ မေ့ဆေးမခံနိုင်တဲ့လူနာ၊ သုတေသနတွေအရ ကင်ဆာအ၇ွယ်အစာ ၅ စင်တီထက် သေးတာကိုသုံးတာ ပိုသင့်တယ်လို့ သိရတယ်။ ကြီးတာတွေကို မလုပ်ရလို့ ဆိုလိုတာတော့မဟုတ်ပါ။

RFA ဘေးထွက်ဆိုးကျိုးတွေ = အနေရခက်မယ်။ ရက်နည်းနည်းလောက် နေမကောင်းသလိုခံစားရနိုင်တယ်။ ပိုးဝင်တာကတော့ရှားတယ်။

RFA နည်းဟာ အသစ်ဖြစ်လို့ရေရှညအကျိုးအပြစ်ပြောဘို့စောသေးတယ်။ အလားအလာကောင်းပုံရတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၆-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး