Raining ဘာမိုးလည်း

အင်ဒီယာနာပိုးလစ်မှာ မိုးရွာနေလို့ သမီးက မိုးရွာလိုက်တော့ ပိုစိမ်းလာတဲ့ သစ်ရွက်လေးတွေကို ပန်းလေးတွေနဲ့ တွဲပေးလိုက်ပါတယ်တဲ့။

ဒေလီမှာလည်း မိုးရွာနေသတဲ့။ ကျွန်တော့်ရုံးမှာအလုပ်လုပ်ခဲ့သူနေ တင်တယ်။ ခုချိန်ဆို တို့လယ်တောမှာ မိုးရေတွေလည်း ဖွေးနေတော့မလေ လွမ်းထှာတဲ့။

ကျွန်တော့်စိတ်ထဲမှာလည်း တောရွာတရွာမှာ မိုးရွာခဲ့တာကို အမှတ်ရနေတယ်။ အိမ်ပေါ်ရောက်လာကတည်းက ဘာအလုပ်မှ မယ်မယ်ရရမလုပ်တဲ့ သားမက်ကနေ တညမှာ အဘရာ ကျုပ်ကို မိုးရွာရင်နိုးဗျာ။ မိုးလည်းကျလာတော့ နိုးလိုက်တယ်။ ဖါးထွက်ရိုက်မလို့လား အားကိုးထားတယ်။ ဘယ်ဟုတ်မလည်း မိုးတစိမ်စိမ့်နဲ့ ဆံစက်မြိတ်မှာ ဆေးလိပ် ထိုင်သောက်ရတာ ဇိမ်ကျသတဲ့။

မြန်မာပြည်မှာတော့ ဒေါသမိုးတွေရွာနေတယ်။ ဖါးသာထွက်ရိုက်ကြပေတော့ဗျာ။

ဒေါက်တာတင့်ဆွေ
၂၆-၆-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး