UV radiation (ယူဗွီ) ရောင်ခြည်

မြန်မာပြည်မှာ ပူလာပြီ။ ခရမ်းလွန်ရောင်ခြည်အတွက် သတိပေးချက်ကို လိုက်နာကြစေချင်ပါတယ်။

အလင်းရောင်မှာ သက်တန့်လို အရောင် ၇ မျိုး (အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ မဲနယ်၊ ခရမ်းရောင်) ကို အထွေထွေသိပ္ပံမှာ သင်ကြရတယ်။ အောက်ဆုံးအနီအောက်ကို အနီအောက်ရောင်ခြည်လို့ ခေါ်ပြီး၊ အပေါ်ဆုံး ခရမ်းရောင်ကကျော်တာကို ခရမ်းလွန်ရောင်ခြည်လို့ ခေါ်တယ်။ ခရမ်းလွန်ရောင်ခြည်ကို UV ယူဗွီအလင်းလို့ခေါ်တယ်။ နည်းနည်းလေးဆိုရင် လူကိုအကျိုးရှိစေတယ်။

ယူဗွီအလင်း အနည်းအကျဉ်းက ဗီတာမင် (ဒီ) ကိုပြောင်းပေးစေလို့ လူကို အကျိုးရှိစေပါတယ်။ များရင် ဘေးဖြစ်တယ်။ UV radiation ကိုသုံးပြီး ရောဂါတချို့ကိုကုသပေးနိုင်သေးတယ်။ Rickets အရိုးပျော့ရောဂါ၊ Psoriasis မပျောက်နိုင်တဲ့ အရေပြားနာ၊ နှင်းကူနာနဲ့ အသားဝါရောဂါတွေ ဖြစ်တယ်။ တာရှည်ထိတွေ့မိရင် အရေပြားမှာ ဆဲလ်တွေ၊ ဖိုက်ဘရပ်စ် တစ်ရှူးတွေနဲ့ သွေးကြောတွေကို ထိခိုက်ရာကနေ လက်ငင်းဖြစ်မှာနဲ့ နာတာရှည်ဖြစ်မှာတွေ ဖြစ်စေတယ်။ အရေပြားကို နေလောင်မယ်။ မျက်စိနာမယ်။ အတွင်းတိမ်ဖြစ်မယ်။ ခုခံအားစနစ်ကိုလည်း သက်ရောက်တယ်။ အရွယ်စောပြီး ရင့်ရော်စေတယ်။ Photodermatoses နဲ့ Actinic keratosis အရေပြားရောဂါတွေပါ ဖြစ်စေတယ်။

အရေပြားကင်ဆာအထိ ဖြစ်လာနိုင်တယ်။ ၁၉၉၉ တုံးက (ယူကေ) နိုင်ငံတခုထဲမှာ အရေပြားကင်ဆာလူနာ ၆၅ဝဝဝ ရှိခဲ့တယ်။ တနှစ်မှာ လူနာ ၂ဝဝဝ သေဆုံးရတယ်။ မှည့်ကင်ဆာက တကမ္ဘာလုံးမှာ တနှစ်မှာ ၁၃ဝဝဝဝဝ ယောက်ရှိတယ်။ တနှစ်မှာ ၆၆ဝဝဝ သေဆုံးရတယ်။ တကမ္ဘာလုံးမှာ မျက်စိအတွင်းတိမ်ကနေ လူပေါင်း ၁၂ သန်းကနေ ၁၅ သန်းအထိ မျက်စိကွယ်နေရတယ်။

ဒီဟာတွေမှာ နေရောင်ထဲက ယူဗွီအလင်းတွေ များတာနဲ့ ဆပ်စပ်မှုရှိတယ်။ အသားရောင်ဖြူသူတွေမှာသာ နေလောင်မခံနိုင်တယ်လို့ထင်နေကြတာ မှားတယ်။ နေရောင်ထဲ ထွက်ချိန်နည်းပါစေ။ အဝတ်အစားဝတ်တာ နေမထိစေအောင် ရွေးဝတ်ပါ။ ရေနဲ့ နေရောင်ရောတာက ပိုဆိုးတယ်။ ဦးထုပ်၊ ခေါင်းစည်း၊ အဆောင်းသုံးပါ။ Sunscreen နေလောင်ခံသုံးပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး