Coconut oil အုန်းဆီ

သူများဆီမှာ Coconut oil အုန်းဆီကို ဆေးအဖြစ်သုံးကြတာများတယ်။ သန်းပျောက်ဆေး၊ ဆိုရီယေးဆစ်အရေပြားနာ၊ နှလုံးရောဂါ၊ အဝလွန်ခြင်း၊ မွေးစကလေးဝဆေး၊ ကိုလက်စထောများခြင်း၊ ဝမ်းလျှော၊ အရေပြားခြောက်၊ အဇာမိုင်းယားရောဂါ၊ ဆီးချို၊ နာတာရှည်အားယုတ်၊ ခရုန်းရောဂါ၊ အူမငြိမ်ရောဂါ၊ လည်ပင်းကြီးရောဂါ။

စာရင်းရေးပြလို့ ပျောက်မယ်တော့ မထင်စေချင်ပါ။ သုံးတဲ့သူတွေကသုံးနေပေမယ့် သက်သေအထောက်အထား မလုံလောက်ပဲ သုံးနေတဲ့ကြတာဖြစ်ပါတယ်။ ဆေးအဖြစ်သုံးတာမှာလည်း ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်ချိန်တွေမှာ သတိထားရပါအုံးမယ်။

မြန်မာပြည်မှာ Coconut oil ဆီကို ဆေးအဖြစ်ဆိုတာထက် ဟင်းချက်ရာသုံးနေကြရတယ်။ နှလုံးရောဂါဖြစ်မှာကို သတိထားကြပါ။ Coconut oil ထဲမှာ Lauric acid (Saturated fatty acid) ပြည့်ဝဆီ 90% ပါနေတယ်။ ထောပတ် (64%) ထက်များတယ်။ အမဲသားအဆီ (40%) ထက်များတယ်။ Lard ဝက်ဆီ(40%) ထက်များတယ်။ အဲလိုများတာတိုင်းမှာ HDL လည်းပါတယ်။ LDL မကောင်းတဲ့ ကိုလက်စထောပိုများတယ်။ နှလုံးရောဂါအန္တရာယ်ရှိတယ်။

ဆီမှန်သမျှ လဖက်ရည်တဇွန်းစာကနေ ကယ်လိုရီ ၁၂ဝ ရတယ်။ မဝချင်သူတွေ ကယ်လိုရီလျှော့စားရတယ်။ ဆီမှန်သမျှ အလင်းရောင်၊ အပူချိန်နဲ့ အောက်စီဂျင်နဲ့ထိတွေ့ရင် အကျိုးရစေတဲ့အဆီကို ပျက်ပျယ်စေတယ်။ Coconut oil က အပူဒဏ် ခံနိုင်တယ်။ ဒါကြောင့် ချက်ကျော်ရမှာ ပျက်မသွားပါ။

ဒေါက်တာတင့်ဆွေ
၃-၇-၂ဝ၁၅

Comments

  1. castor oil ဆံပင်အတွက်ကောင်းမကောင်းသိချင်းပါတယ်

    ReplyDelete

Post a Comment

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး