Palm oil and Coconut oil စားအုန်းဆီနဲ့ အုန်းဆီ

Sein Chun = မလေးရှားကလာတဲ့စားအုံးဆီကို သူတို့ဆီမှာ Palm Oil လို့ခေါ်ပြီးမြန်မာပြည်မှာတော့ Coconuts Oil လို့ ခေါ်နေကြတာ မှားနေပါတယ်ဆရာ။ အုန်းသီးကထွက်တဲ့အုန်းဆီနဲ့ Palm Oil လို့ခေါ်တဲ့စားအုံးဆီဟာ မတူကြပါဘူး။ ဆရာပြောတဲ့ စားအုံးဆီရဲ့ဆိုးကျိုးတွေဟာ Palm Oil ကလာတာဖြစ်ပါတယ်ဆရာ။

Palm oil စားအုန်းဆီထဲမှာ ပြည့်ဝဆီနဲ့ မပြည့်ဝဆီအပြင် ဗီတာမင်အီးနဲ့ (ဘီတာကာရိုတင်း) တွေပါတယ်။ နှလုံးသွေးကြော ရောဂါဖြစ်စေနိုင်ခြင်းအပေါ် အငြင်းပွားမှုတွေရှိနေတယ်။

ကော်စတာရီကာမှာ ၂ဝဝ၅ တုံးကသုတေသနလုပ်ခဲ့တယ်။ Palm oil အစား Polyunsaturated non-hydrogenated oils ဆီကိုပြောင်းသုံးစေတာက နှလုံးအတက်ခ်ရမယ့်အန္တရာယ် နည်းစေတယ်လို့တွေ့တယ်။

၂ဝ၁၁ မှာ နိုင်ငံပေါင်း ၂၃ နိုင်ငံမှာလေ့လာတယ်။ နှစ်စဉ် Palm oil စားအုန်းဆီ ၁ ကီလိုဂရမ်တိုးပေးရင် နှလုံးသွေးကြောရောဂါနဲ့ သေဆုံးမှု တသိန်းမှာ ၆၈ ယောက်ပိုသေဆုံးတယ်။ သေဆုံးမှုပိုများတယ်။ ဝင်ငွေများ တိုင်းပြည်တွေမှာတော့ အဲလောက်မများဘူး။ တချို့လေ့လာမှုတွေမှာ နှလုံးသွေးကြောရောဂါ ပိုမဆိုးဘူးလို့လည်း တွေ့ရှိရတယ်။

Palm oil ထဲမှာ Palmitic acid ၄၄% ပါတယ်။ Center for Science in the Public Interest ကလုပ်တဲ့ သုတေသနအရ Palm oil ထဲမှာ Palmitic acid ၄၄% ပါတယ်။ Palmitic acid စားတာ ပိုများရင် ကိုလက်စထော မြင့်စေတယ်။ နှလုံးရောဂါဖြစ်စေဘို့ အားပေးရာကျတယ်။

WHO နဲ့ US National Heart, Lung and Blood Institute အဖွဲ့တွေကနေ palmitic acid နဲ့ saturated fat ပါတဲ့ အစာကို လျှော့စားဘို့အကြံပြုထားတယ်။ ဒါပေမယ့် ၁၉၉၃ ခုမှာ United Nations University Press တွေ့ရှိချက်မှာတော့ ကိုလက်စထောကို  400 mg per day ထက်မများရင် သက်ရောက်မှုမရှိဘူးလို့ဆိုတယ်။

Animal saturated fat တိရစ္ဆာန်ပြည့်ဝဆီတွေနဲ့နှိုင်းယှဉ်ချက်
ပြည့်ဝဆီတွေအားလုံးမှာ ကိုလက်စထောအပေါ်သက်ရောက်မှုတွေက မတူကြပါ။ မပြည့်ဝဆီပိုပါတဲ့ Palm oil ကို စားသုံးခြင်းဟာ Coconut oil အုန်းဆီ၊ နို့ထွက်နဲ့ တိရစ္ဆာန်ဆီတွေ နဲ့စာရင် ကိုလက်စထော လျှော့စေတယ်။

Trans fats (ထရန့်ဆီ) နဲ့ နှိုင်းယှဉ်ချက်
၂ဝဝ၆ တုံးက အမေရိကန် အာဟာရအင်စတီကျုနဲ့ USDA စိုက်ပျိုးရေး သုတေသနဌာနတို့က လေ့လာခဲ့တယ်။
Palm oil ဟာ Trans fats (ထရန့်ဆီ) ခေါ်တဲ့ Partially hydrogenated fats တက်ြတပျက် ဟိုက်ဒရိုဂျင် ပေါင်းထည့်ပေးထားတဲ့ဆီကို အစားထိုးလို့မရဘူးလို့ ဆိုပါတယ်။ ဘာလို့လည်း ဆိုတော့ Palm oil ထဲမှာ LDL (ကိုလက်စထော) နဲ့ Apolipoprotein B (အပိုလိုပိုပရိုတင်း ဘီ) တွေပါဝင်မှုဟာ (ထရန့်ဆီ) နဲ့အတူတူဖြစ်နေလို့ ဖြစ်တယ်။ ဒါပေမယ့် ၂ဝ၁ဝ ထုတ် အမေရိကန် အာဟာရ ကောလိပ် ဂျာနယ်ရဲ့ အစီရင်ခံစာ ၂ ခုထဲမှာတော့ အစားထိုးလို့ရမယ်လို့ ရေးသားထားပြန်ပါတယ်။

ချုပ်လိုက်ရင် ဂဃနဏပြောမရပါ။ သုတေသနတွေဆက်လုပ်နေကြတယ်။ စားအုန်းဆီဟာ ကြီးမားတဲ့ စီးပွါးရေး လုပ်ငန်းကြီး ဖြစ်တယ်။ ဆေးပညာနဲ့အတူ စီးပွါးရေးနဲ့ နိုင်ငံရေးတွေပါ ရောထွေးနေတယ်။ ကိုယ်ပိုင်အသိနဲ့သာ ဆုံးဖြတ်သင့်ကြတယ်လို့ ထင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၃-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး