Appeal message မဲတောင်းစာ

သူတည်းတယောက် ကောင်းဘို့ရောက်မူ၊ တယောက်သူမှာ ပျက်လင့်ကာသာ ဓမ္မတာတည်းလို့ အနန္တသူရိယအမတ်က အမျက်ဖြေလင်္ကာရေးခဲ့တယ်။

ထောင်ကျပြီးလွတ်လာသူတွေရေးကြတဲ့ နရသိန်စာအုပ်တွေထဲမှာ လူထုဦးလှနဲ့ ဦးဝင်းတင်တို့စာအုပ်တွေကတော့ လူကြိုက်များတယ်။ ဝါးတာဂိတ်အရေးအခင်းကြောင့် နှုတ်ထွက်ပေးလိုက်ရတဲ့ အမေရိကန်သမတ ရစ်ချတ် နစ်ဆင်ဟာ ရာထူးကကျပြီး စာအုပ် (၁ဝ) အုပ်ရေးပါတယ်။

မြန်မာပြည်မှာတော့ အာဏာရနေသူထောင်ကျပြီးထွက်တဲ့စာအုပ်ကြတော့ အချက်အလက်သိချင်လို့သာ ဖတ်ရာမျိုးလည်းရှိတယ်။ ဒါ့ပြင် ရာထူးအကျမှာရေးတဲ့စာက ရွေးကောက်ပွဲနီးချိန်မှာလည်းဖြစ်တော့ တမျိုးတဘာသာထူးခြားတယ်။

သူများနိုင်ငံတွေက ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ မှတ်သားစရာစကားလေးတွေကလည်း စိတ်ဝင်စားရာကောင်းတယ်။

ဆိုဗီယက်ခေါင်းဆောင် ဂျိုဇက် စတာလင်ကပြောဖူးတယ်။ အနိုင်အရှုံးဆိုတာ မဲပေးတဲ့သူတွေက ဆုံးဖြတ်တာမဟုတ်ဘူး၊ မဲရေတဲ့သူတွေကသာ ဆုံးဖြတ်တယ်တဲ့။

ဇင်ဘာဘွေသမတ ရောဘတ် မူကာဘေကပြောတယ်။ တို့မဲတွေနဲ့အတူ တို့သေနတ်တွေပါအတူလိုက်ပါရမယ်။ နောက်ဆုံးမှာ တို့လိုချင်တဲ့မဲအားလုံးရမယ်။ အဲတာ သေနတ်ပြောင်းဝကလာတဲ့မဲပဲတဲ့ကွ။ သူကအခုထိသမတ။

ဒေါက်တာတင့်ဆွေ
၁၅-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး