Biotin supplement ဘိုင်အိုတင် အားဖြည့်ဆေး

ဆရာ့စာကို ကြော်ငြာအဖြစ်တွေ့ရလို့ပါ။ ဆရာခွင့်ပြုချက်နဲ့ဖော်ပြတာလား သေချာမသိတာမို့ ဆရာသိနိုင်ပါရန် ပို့လိုက်တာပါရှင့်။

ချစ်ချစ်တို့ရေလို့နဲ့စတဲ့ စာဖေ့စ်ဘွတ်မှာ ကြော်ငြာတာကို ပို့ပေးပြီးမေးပါတယ်။ ပို့ပေးမှသာ ကျွန်တော်ရေးတဲ့စာကို ကိုးကားကြောင်း သိရပါတယ်။ ကျေးဇူး။ အော့့်

အရင်တယောက်က အသက်-ကျား-မ ပြောမပြဘဲမေးလို့ ရေးထာတာဖြစ်ပါတယ်။

Biotin ရဲ့အကြောင်း သိချင်တာပါဆရာ။ Website တွေမှာ ရှာဖတ်ရတာ သိပ်မရှင်းလို့ပါ။ ဆံပင်ရှည်ဖို့အတွက် Biotin ဓာတ်က အများကြီးအထောက်အကူဖြစ်စေတယ်လို့ ဖတ်ရပါတယ်။ မြန်မာလို သေချာရှင်းပြတာလေး သိချင်လို့ပါရှင့်။ Vitamin B7 -or- Vitamin H လို့လည်း Biotinကို ရေးထားတာတွေ့ရပါတယ်။ Biotin ဓာတ်များများပါတဲ့အစားအစာနဲ့ Biotin supplement ဆေးတွေရှိရင် ဖော်ပြပေးစေလိုပါတယ်ရှင့်။ ကျေးဇူးပါဆရာ။

ဘိုင်အိုတင်ဆိုတာ ဗီတာမင် ဘီ အုပ်စုထဲကတခုဖြစ်တယ်။ နည်းနည်းလေး နေ့တိုင်း လိုတယ်။ အစားအစာတွေထဲမှာ ပါနေတယ်။

ဗီတာမင် ဘီ အုပ်စု ထဲမှာ (၁ဝ) မျိုးပါတယ်။
1. Vitamin B1 (Thiamine)
2. Vitamin B2 (Riboflavin)
3. Vitamin B3 (Niacin)
4. Vitamin B5 (Pantothenic acid)
5. Vitamin B6 (Pyridoxine) and
6. Vitamin B9 (Folic Acid)
7. Vitamin B12 (Cobolamin)
8. PABA (Para-aminobenzoic acid)
9. Biotin
10. Inositol

ဘိုင်အိုတင်ကို
၁၂ လအောက်ကလေး = 7 mcg
၁ နှစ်ကနေ ၃ နှစ် = 8 mcg
၎-၈ နှစ် = 12 mcg
၉-၁၃ နှစ် = 20 mcg
၁၄-၁၈ နှစ် = 25 mcg
လူကြီး = 30 mcg
ကိုယ်ဝန်နဲ့နို့တိုက်မိခင် = 35 mcg လိုအပ်တယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဒီဓါတ်နည်းနေသူတွေကိုပေးရတယ်။ အစားကိုပိုက်နဲ့ကျွေးနေရသူတွေကို ပေးရတယ်။ အာဟာရ ချို့တဲ့နေသူတွေလည်းလိုတယ်။ လက်သည်းကျွတ်ဆတ်သူတွေ၊ ဆီးချိုရှိသူတွေနဲ့ စိတ်ဓါတ်ကျသူတွေမှာလည်း လိုနေနိုင်တယ်။ ကျောက်ကပ်ဆေးနေရသူတွေလိုနိုင်တယ်။ ဆံပင်ပါးသူ၊ ဆံပင်အရောင်ပျော့သူ၊ မျက်စိ-နှာခေါင်း-ပါးစပ် ဝန်းကျင်မှာ အရေပြားခြောက်ကွာနေရင်ပေးလို့ အကျိုးရှိနိုင်တယ်။ ဆံပင်ကျွတ်သူကိုပေးလို့ အကျိုးရှိတယ်ဆိုတာ အထောက်အထား မပြည့်စုံပါ။

ပြောတဲ့ဆေးဟာ ကြော်ငြာဆေးဖြစ်တယ်။ ဖြည့်စွက်စာ၊ အားဆေး၊ ဗီတာမင်ခေါင်းစဉ်နဲ့ရောင်းရင် FDA အသိအမှတ်ပြု ရယူစရာ မလိုလို့ အဲတာမျိုးတွေကို အလွန်ရောင်းကြတယ်။ ဘိုင်အိုတင်ဟာ စာစရာတွေထဲမှာပါနေတယ်။ အစာအာဟာရထဲမှာ ပါတာမှန်သမျှ မကောင်းတာရယ်လို့ မရှိသလောက်ပါ။ တခုချင်းကို ချဲ့ပြီးချဲ့ရေးရင် ရတာချည်းသာ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၈-၂ဝ၁၅
၁၉-၁ဝ-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး