နှာစေး


၁။ ခဏခဏနှာဆေးတတ်ပါတယ်။ ကိုယ်ဝန်နဲ့ဆိုတော့ ကလေးကိုမထိခိုက်တဲ့ဆေး ညွှန်းပေးပါဦးဒေါက်တာ။ ကျေးဇူးတင်ပါတယ်။

၂။ နှာဆီးနဲ့ နှာစေး ဘယ်ဟာကအမှန်လဲဆရာ။

နှာစေးတယ်လို့ရေးတာပါလား။ ဆေး နဲ့ စေး မတူပါ။ နှာဆေးဆိုရင် နှာခေါင်းကိုဆေးကြောတာဖြစ်မယ်။ Nasal spray နှာခေါင်းထဲဆေးပန်းတာလုပ်တာကိုခေါ်တယ်။ နှာစေးတာက Common cold အအေးမိတာနဲ့ Allergic rhinitis နှာခေါင်း အလာဂျီရတာဖြစ်မယ်။

စေး
စေးကပ်သည်
စေးချုံ
စေးထန်းထန်း
စေးနဲသည်
စေးပျစ်
စေးမခန်းပင်
ချွေးစေး
စေးချုံ
သစ်စေး
နှာစေး

စီး
စီးကျမျက်ရေ
စီးချင်းထိုးသည်
စီးစီးပိုးပိုး မပြောအပ်
စီးဆင်းသည်
စီးပွါးဥစ္စာ
စီးပွားရေးကောင်းပါစေ
စီးယိုသည်
တရားဘာဝနာ စီးဖြန်းပါ
ပျက်စီး
ဘတ်စကား စီးသွားပါ
ဘိစီး
မြင်းစီးသည်
လှည်းတစီး ကားတစီး
အပျက်အစီး များတယ်
အသက်ကြီးပြီး အချိန်မစီးသူ မဖြစ်ပါစေနှင့်
စောစောစီးစီး
ရေစီးသည်

ဒေါက်တာတင့်ဆွေ
၂၅-၈-၂ဝ၁၅
၈-၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး