Counterfeit အတုရှိရာ အညံ့တွေလာ အဆိပ်တွေပါ

Toxic paracetamol ပါရာစီတမော အဆိပ်ဆေးရည်ကိုတင်တော့ ဖတ်တဲ့သူများတယ်။ ဘယ်နိုင်ငံကဆေးက စိတ်ချရသလည်းမေးတယ်။ မေးသင့်ပါတယ်။ Generalization ဝါးလုံးသိမ်း (သို့) ယေဘုယျချခြင်း အပြစ်မကင်းလို့ ရေးဘူးတယ်။ ဆေးအတုစာတွေ အများကြီးရေးထားတယ်။
1. Fake Medicines come from Neighbors ဆေးအတုတွေ ဘယ်ကနေလာသလဲ
2. Fake Medicines from China and India (1) တရုပ်နဲ့ အိန္ဒိယကလာတဲ့ဆေးတွေ သတိပေးပါရစေ (၁)
3. Fake Medicines from China and India (2) တရုပ်နဲ့ အိန္ဒိယကလာတဲ့ဆေးတွေ သတိပေးပါရစေ (၂)
4. Fake Medicines ဆေးအတုသတိပြု
5. Fake medicines and China ဆေးအတုနဲ့ တရုပ်ပြည်
6. ၂ဝ၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံကို အနောက်တိုင်းဆေးဝါး ၈၅% ကို အိမ်နီးချင်းတိုင်းပြည်တွေကနေ တင်သွင်းခဲ့
7. Patient safety first လူနာမျက်နှာကြည့်ကြပါ
8. Genuineness, Genuity or Genuinity အစစ်ပါလို့ စာကပ်ရောင်းရတဲ့ဆေး
9. Fakebook အတုလုပ်တာ တရုပ်ချည်းသာမဟုတ်ပါ
10. Fake Clinic လိင်ကို လိမ်၍ကုနေခြင်း
11. Fake drugs ကာမထကြွဆေးအတုများ သတိထားပါ

ဘယ်နိုင်ငံလို့တော့ ပြောမရပါ။ အမေရိကနဲ့ ယူကေ (ဥရောပ) မှာလည်း အွန်လိုင်းကနေရောင်းတာတွေတချို့က စိတ်မချရပါ။ ဆေးကုမ္ပဏီကိုကြည့်ရင်တော့ စိတ်ချရမှုကို အတော်ပြောနိုင်တယ်။ နိုင်ငံတွေကြည့်ရင် တိုးတက်တဲ့ဆီက စိတ်ချရတာပိုများတယ်။ နာမည်မရသေးတဲ့ ကုမ္ပဏီတွေက စိတ်မချနိုင်တာတွေရှိနိုင်တယ်။ ကြော်ငြာပြီး ရောင်းတာတွေဟာ သတိထားစရာလို့ပြောရင် မလွန်ပါ။ ဆေးသစ် နာမည်သစ်ဆိုရင် သတိထားပါ။
ကျွန်တော်ဒေလီမှာနေတုံးက စီးပွါးရေးလုပ်နေတဲ့မိတ်ဆွေတဦးကနေ မြန်မာပြည်ကစီးပွးရေးသမားတယောက်အကြောင်း ပြောလာတယ်။ ဆရာ့ မြန်မာပြည်က ဆေးလာဝယ်တယ်ဆရာ။ ကုမ္ပဏီကို ဆေးအလေးချိန်ကို လျှော့ထည့်ဘို့ အော်ဒါလုပ်တယ်ဆရာ။ ပဋိဇီဝဆေးမှာ ၅ဝဝ မီလီဂရမ်ရေးထားပေမယ့် နည်းပါနေမယ်။ အဲတာမျိုးကို အရည်အသွေး မမီတာလို့ခေါ်တယ်။ ဆေးအတုနဲ့ အဆိပ်သင့်ဆေး တွေလိုပဲ အန္တရယ်ပေးတယ်။
အတုတွေ၊ အရည်အသွေးညံ့တာတွေနဲ့ အဆိပ်သင့်ဘေးက ဝေးကြပါစေ။

ဒေါက်တာတင့်ဆွေ
၁၈-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး