Delighted လူနာသက်သာ ဆရာဝန်စိတ်ချမ်းသာ

၁။ ဆရာရှင့် သမီးက ဒုတိယကလေးမွေးထားတာ ၅ လလောက်ရှိပါပြီ။ အခု တင်ပါးနဲ့ပေါင်မှာ ယားပြီး နီနေပါတယ်။ နီနီအကွင်းလေးတွေပါ။ Betacloge cream လိမ်းတယ်ဆရာ ပျောက်သွားရင်ချပ်သွားတယ်။ ရက်နဲနဲကြာရင် ယားပြီး အဖုတွေထွက် နီနီအကွင်းတွေဖြစ်လာပြန်ရောဆရာ။ သူများတွေကတော့ ပွေးလို့ပြောတယ်ဆရာ ဟုတ်ပါသလား။ ကလေးကိုလဲ ကူးမှာကြောက်လို့ပါ။ ဆရာဆေးလေးညွှန်ပေးစေချင်ပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်ဆရာ။

အနားသတ်ရှိရင် ပွေးဖြစ်ပါမယ်။ Grisofulvin တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၁ဝ ရက်သောက်နိုင်ပါတယ်။
ဖြစ်တာစောရင် Ring guard လိမ်းနိုင်တယ်။ ထိစပ်မိသူတွေကို ကူးစေနိုင်တယ်။ အရပ်ဆေးမသင့်ပါ။

ဆရာရေ ဆရာပေးတဲ့ဆေး ၁ဝ ရက်သောက်တာ လုံးဝပြန်မဖြစ်တော့ဘူးဆရာ။  လိမ်းဆေးကဝယ်မရလို့မလိမ်းရဘူး ဆရာ့ကို တကယ့်ကိုကျေဇူးတင်ပါတယ်ဆရာ။ နောက်မသိတာရှိရင်လဲ မေးခွင့်ပြုပါအုံးနော်ဆရာ။ ဆရာ ကျန်းမာချမ်းသာပါစေ။

ဟုတ်။

၂။ ကျေးဇူးအထူးတင်ပါတယ် ဆရာရှင်။ ကလေးလေးက အရမ်းငယ်တော့ ငိုရင် စိတ်ညစ်ရပါတယ်။ ဆရာပြောတဲ့ နည်းတွေနဲ့ အဆင်ပြေရင် သိပ်ကောင်းမှာပဲ။ လက်တွေ့ စမ်းသပ် လုပ်ကြည့်ပါမယ်။ ကျေးဇူးတင် ရိုသေလေးစားစွာဖြင့်။

ဟုတ်။

ဆရာပေးတဲ့ အနွေးဓာတ်ပေးတာ ကလေးလေး အဆင်ပြေနေပါပြီ။ ကျေးဇူးများစွာတင်ပါတယ်။ ဆရာလဲ ကိုယ်စိတ် ချမ်းမြေ့ပါစေလို့ ဆန္ဒမွန်ပြုပါတယ်။

ဆရာပါ နွေးသွားတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး