Diabetes cases soar by 60% in past decade

လွန်ခဲ့တဲ့ဆယ်နှစ်အတွက် ဆီးချိုဖြစ်သူ ၆ဝ% တိုလာ

Diabetes UK ယူကေဆီးချိုအဖွဲ့ကနေ ကနေ့ထုတ်ပြန်တဲ့သတင်းဖြစ်ပါတယ်။ သူတို့ဆီမှာ ၂ဝဝ၅ တုံးက ဆီးချိုလူနာ ၂့၁ သန်း ရှိခဲ့ရာကနေ အခု ၃့၃ သန်းအထိတိုးလာတာဖြစ်ပါတယ်။ ဆီးချိုကိုမထိန်းနိုင်ရင် မျက်စိကွယ်တာနဲ့ ခြေလက် ဖြတ်ပြစ်ရတာအထိဖြစ်လာနိုင်တယ်။ သူတို့ဆီမှာ တပါတ်မှာ လူနာ ၁၃၅ ယောက်ကိုခြေလက်ဖြတ်ပေးနေရတယ်။
တချို့မှာ အဖျားပိုင်းအာရုံကြောတွေရောင်တယ်။ တချို့မှာ အတွင်းအင်္ဂါတွေကိုထိခိုက်တယ်။

ဆီးချိုအမျိုးအစား (၃) မျိုးထဲမှာ အမျိုးအစား (၂) ဖြစ်သူ ၉ဝ% ရှိတယ်။ အဲဒီအမျိုးအစားဟာ လူဝတာနဲ့ အစားအသောက်နဲ့ ဆက်စပ်နေတယ်။ အမျိုးအစား (၁) ဆိုတာ ငယ်စဉ်ကတည်းကဖြစ်တယ်။ နောက်တမျိုးက ကိုယ်ဝန်ဆောင်နေတုံးမှာဖြစ်တယ်။ ၂ဝ၁၄ လေ့လာမှုတခုအရ ကိုယ်ဝန်ဆောင်အားလုံးထဲမှာ ၉့၂% ဖြစ်ကြတယ်။

ဆီးချိုရှိနေသူတိုင်းမှာ လူနေမှုဘဝအရည်အသွေးလည်းကျဆင်းတယ်။ ဆီးချိုဆေးအတွက် အစိုးရဆေးကုန်ကျစရိတ်ထဲမှာ ၁ဝ% ရှိတယ်။ insulin နဲ့ metformin ဆေးတွေဖြစ်တယ်။ ကုန်ကျငွေစုစုပေါင်း ပေါင် ၁ဝ ဘီလီယန်ရှိတယ်။

ဒေါက်တာတင့်ဆွေ
၁၇-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး