Fertility ကလေးလိုချင်သလား

ကျန်းမာရေးမေးသူတွေထဲမှာ ခလေးလို့ရေးကြတာ အတော်ကိုများတာပဲ။ ကလေးလို့ရေးမှသာ မှန်တယ်။ ကလေး နေမကောင်းလို့ထက် ကလေးမရသေးသူတွေက ရချင်လို့မေးကြတာက ပိုများတယ်။ ဘာလို့ မှားနေကြတာလည်း။

ကျွန်တော်က မြန်မာစာသင်ပုန်းကြီးမှာ က ကဇွန်းပင် ရေမှာရွှင်ခေတ်မှာ သူငယ်တန်းတက်ခဲ့ရတယ်။ နောက်မှာ က ကညစ် ပေမှာခြစ်၊ နောက်မှာ က ကလေးငယ်ချစ်စဖွယ်၊ ဖြစ်လာတယ်။ အခုတော့ ဘာလည်းမသိပါ။

ကဇွန်းကနေ အခု ကန်စွန်းဖြစ်နေပြန်တယ်။

က ကလေးငယ်ချစ်စဖွယ်လို့ ပြန်ပြင်စေချင်တယ်။ ဒါမှမဟုတ်လည်း ကျွန်တော်တို့လူမျိုးတွေက အထအနကောက်တာ ဝါသနာပါကြတော့ ခလေးရချင်ပါတယ်လို့ပြောလာသူတွေကို ကလေးရချင်ပါတယ်ပြောမှသာ ကလေးရမယ်လို့ ပြန်ပြောတာ ကောင်းမလား စဉ်းစားမိလာတယ်။

ဒေါက်တာတင့်ဆွေ
၎-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး