Great group photos အုပ်စုဓါတ်ပုံ

ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ဖဲကြိုးနက်လှုပ်ရှားမှုမှာ (ဂရုဖိုတို) တွေကိုကြည့်ရတာ ဆေရုံလိုက်၊ ဝပ်လိုက်၊ ဌာနလိုက် အားရစရောကောင်းပါတယ်။ ကျွန်တော့်ဆရာဝန်သက်တမ်းမှာ အသက်မွေးဝမ်းအတူတွေကိုမြင်ရတာ ဒီတခါ အများဆုံးပဲ။

ဓါတ်ပုံပညာမှာ နည်းနာတွေ အိုင်ဒီယာတွေရှိတယ်။ ဖတ်လို့မကုန်နိုင်အောင်ပေါ့။ နမူနာ မြီးစရာလေးတော့ပေးပါရစေ။

1. One Leg Kick! ဇာတ်လိုက်ကနေ ခြေတဖက်နဲ့ကန်နေချိန်မှာ ဇာတ်ရံတွေက အကန်ခံရသလို အနေအထားနဲ့ ဓါတ်ပုံ

2. The Beach Super Punch! ပင်လယ်ကမ်းခြေမှာ ကိုယ်ဟန်အနေအထား တယောက်တမျိုးနဲ့ ဆော့ကစားနေတဲ့ပုံ

3. Super Grandma! အဖွါးကနေ လက်နဲ့တွန်းထုတ်လိုက်လို့ မြေးတွေအားလုံး လွင့်စင်သွားကြတဲ့ပုံ

4. Fee-Fi-Fo-Fuuuh လူတယောက်လက်ဝါးပြင်ပေါ်မှာ တခြားလူရုပ်တွေကိုသေးသေးလေးလုပ်ထားပြီး လဲကွဲကျနေတဲ့ပုံ

5. Perfect Formation လေထဲမှာ လူတွေက ခုန်ပျံနေကြပြီး ဒူးတွေကွေးထား၊ လက်ဝါးတွေက ခေါင်းပေါ်မှာ မြှောက်ပြီး ပူးထားနေကြတဲ့ပုံ

6. Watery Poetry in Motion! ကဗျာဆန်တဲ့ပုံဆိုတာ ဆိုပါစို့ အားကစားလုပ်တဲ့မိန်ကလေးနှစ်ယောက် ရေထဲကနေ ရုတ်တရက်ထိုးထွက်လာကြပြီး ခုန်ပျံနေရင်း သူတို့ဆံပင်ကို (က) ကြီးနဲ့တူအောင်ပုံဖေါ်ကြတဲ့ပုံ။

မြန်မာပြည်ကဆရာဝန်၊ သူနာပြုတွေ ငြိမ်ငြိမ်လေး ဣနြေ္ဒရရစုပေါင်းရိုက်ထားကြတဲ့ဓါတ်ပုံတွေဟာ ပညာသားပါပါ မပါပါ၊ လေးနက်တဲ့အဓိပ္ပါယ်ရှိကြပါတယ်။ ကကြီးကနေစရတဲ့သဘောလည်းဖြစ်ကောင်းဖြစ်ပါမယ်။

ဒေါက်တာတင့်ဆွေ
၁၃-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး