Hard Talk

အရပ်ဖက်ဆေးပညာသင်ကြားရေးမှာ တပ်မတော်က ဆေးပညာပါရဂူတွေလာပြီး စာသင်တာတော့ မကြုံဘူးပါ။ အပြင်စာစစ်ဆရာအဖြစ်လာတာကိုတော့ ကိုယ်တိုင်ကြုံရဘူးပါတယ်။ ၁၉၇၂ ခုနှစ် ကျွန်တော် နောက်ဆုံးနှစ်အပိုင်း (ခ) မှာ ကာနယ်ကျော်ဝင်းက ဆေးပညာဘာသာရပ်မှာ ဘဒ်ဆိုက်လာမေးပါတယ်။ တော်တယ်လို့လည်း နာမည်ကြီးပါတယ်။ ဘာတော်သလည်းတော့ ကိုယ်တိုင်မသိပါ။ ကာနယ်တော်တာကို ဗိုလ်ချုပ်မှူးကြီးကတော့သိပါတယ်။

ကျွန်တော် အစိုးရအလုပ်ကနေထွက်ပြီး နယူးဒေလီကိုရောက်နေချိန်မှာတော့ ကာနယ်ကျော်ဝင်းက သံအမတ်ကြီးအဖြစ် လန်ဒန်မှာရောက်နေပါပြီ။ ဘီဘီစီ ဟဒ်တော့်လ်ခ်မှာ သံအမတ်ကြီး ဦးကျော်ဝင်းမေးခွန်းတွေဖြေနေတာကို အစအဆုံး ကြည့်ဖြစ်ပါတယ်။ ဟတ်တော့်လ်ခ်ဆိုတာသိတဲ့အတိုင်း အလွန်အဖြေရခက်တာတွေကို အမေးခံရတဲ့အစီအစဉ်ပါ။

ကျွန်တော့်ကို ဘဒ်ဆိုက်မှာမေးခွန်းမေးခဲ့တဲ့ ကာနယ်ကျော်ဝင်း အမေးခံနေရပါပြီ။ (နဝတ) စစ်အစိုးရကို အသေအလည်း ခုခံဖြေကြားနေပါတယ်။ သူ့ရှေ့ကသောက်ရေခွက်ကို သုံးခေါက်လောက် သောက်ရင်းဖြေနေတာကို သတိထားမိပါတယ်။ ကျွန်တော် ပတ်တူးဖြေရတုံးက ရေမသောက်ခဲ့ပါ။

ဒေါက်တာတင့်ဆွေ
၁၂-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး