Harvoni အသည်းရောင်စီ ဂျီနို (၁) အတွက်ဆေး

အသည်းရောင်စီပိုးရှိနေသူတွေကို အရင်က ထိုးဆေးအပါအဝင် ဆေးအမျိုးမျိုးနဲ့ကုသခဲ့ရတယ်။ အခုတော့ Harvoni ကို သုံးနေပါပြီ။ ဆေး ၁ လုံးတည်း၊ တနေ့မှ ၁ ခါတည်း၊ ထိုးဆေးမလို၊ Ribavirin လည်းမလိုပါ။

ကုသရေးဆိုင်ရာလေ့လာမှုတွေအရ ၉၆% ကနေ ၉၉% ပျောက်ကင်းတယ်။ ဆေးပေးရချိန် ၁၂ ပါတ်သာကြာတယ်။
ပျောက်တယ်ဆိုတာ (စီ) ပိုးတွေကို စမ်းလို့မတွေ့တာကိုပြောတာဖြစ်တယ်။

အရင်က ဆေးမကုဘူးသေးတဲ့ Hep C genotype 1 လူနာ ၈၆၅ ယောက် (သူတို့ထဲမှာ တချို့က အသည်းခြောက်တာ နောက်ပိုင်းရောက်နေပြီ) ကို လေ့လာမှုတခုလုပ်ခဲ့တယ်။ Harvoni ဆေးကို တနေ့ ၁ ကြိမ်၊ ၁၂ ပါတ်ပေးပြီးစမ်းတော့ ၂၁၃ ယောက်ထဲက ၂၁ဝ ယောက် (၉၉%) မှာ ပိုးရှာမတွေ့တော့ပါ။ နောက်လေ့လာမှုတခုမှာ ၆၄၇ ယောက်ကို အဲဒီနည်းအတိုင်း ဆေးကုပေးတော့ ၂၁၆ ယောက်ထဲက ၂ဝ၈ ယောက်မှာ ပိုးရှာမတွေ့တော့ပါ။

Harvoni ဆေးထဲမှာ Ledipasvir နဲ့ Sofosbuvir ဆေး ၂ မျိုးကို တခါတည်းရောထည့်ထားတယ်။

၂ဝဝ၁ = Ribavirin တနေ့ ၆ တောင့်အထိ + Peginterferon တပါတ်ထိုးဆေး ၁ လုံး။
၂ဝ၁၁ = Protease inhibitors + Ribavirin တနေ့ ၁၈ လုံးအထိ + Peginterferon တပါတ်ထိုးဆေး ၁ လုံး။
၂ဝ၁၃ = Sofosbuvir တနေ့ ၇ လုံးအထိ + Peginterferon တပါတ်ထိုးဆေး ၁ လုံး။
၂ဝ၁၄ = Harvoni (Ledipasvir/Sofosbuvir) တနေ့ ၁ လုံးတည်းသာ။

ဒေါက်တာတင့်ဆွေ
၂၈-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး