Khamauk ရာဇဝင်ထဲက ခမောက်

၁၉၉ဝ မှတ်တမ်းဓါတ်ပုံတွေထဲမှာ ကျွန်တော်ဝတ်ထားတဲ့ ဂန့်ဂေါလုံချည်ဟာ ခမောက်ဒီဇိုင်းဖြစ်ပါတယ်။

ကျွန်တော် အိန္ဒိယမှာ ၂၄ နှစ်ကြာနေခဲ့ရတုံးက (အာဆမ်) ခေါ် အာသန်ပြည်နယ်မြို့တော် (ဂဝါဟာတီ) ကို မကြာမကြာ သွားပြီး ဗမာပြည်အရေး ဟောပြောခဲ့ရတယ်။ အာသန်ဆိုတာ မြန်မာဘုရင်တွေ သွားတိုက်ခဲ့တဲ့နေရာပေါ့။ အာသန်လူမျိုးတွေရဲ့ သင်္ကေတက ခမောက်ဖြစ်တယ်။ လေးစားယုံကြည်သူကိုသာ ခမောက်ကို လက်ဆောင်အဖြစ် ပေးကြတယ်။

အစည်းအဝေးတွေကနေပေးလို့ အာသန်ခမောက် နှစ်လုံးရဘူးတယ်။ ဒေသပြောင်းလာရတော့ သယ်မလာနိုင်လို့ မမောက်တွေကို အသေအချာလက်လွှဲ ပေးထားခဲ့ရတယ်။ အာသန်လူမျိုးတွေက သူတို့ရဲ့အမြတ်တနိုးခမောက်ကို မရိုမသေလုပ်သူကို လိုက်သတ်တယ်တဲ့။

၁၉၉ဝ တုံးကလူထုဆန္ဒကို ကိုယ်စားပြုတဲ့ ခမောက်ကိုအသက်ဆုံးတဲ့အထိ ကာကွယ်သွားမယ်။ ခမောက်သင်္ကေတ ဘယ်ရောက်ရောက် လူထုဆန္ဒကတော့ ခိုင်မြဲတယ်။ ၁၉၉ဝ ကလိုပဲ ၂ဝ၁၅ မှာလည်း လူထုကပြသကြလိမ့်မယ်။

ဒေါက်တာတင့်ဆွေ
၃၁-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး