Reading is the Key စာဖတ်နည်း

လွန်ခဲ့တဲ့တနှစ်တိတိကတင်တာကို ဖေ့စ်ဘွတ်ကအသိပေးလို့ ပြန်တင်ပါရစေ။

• လူတိုင်းကိုယ်စီ ဝတ္ထ္ထုတိုရှည် ရှိကြသည်၊
• အပြောကောင်းသူပြောတာ နားထောင်ကောင်းမည်၊
• အရေးကောင်းသူရေး ဖတ်လို့ကောင်းမည်၊
• ရသတော့ရမည်၊ အတည်ယူလို့မရတာတွေ ရှိပါမည်၊
• မပြောတဲ့ဇာတ်လမ်းက ပိုကြမ်းနိုင်သည်၊ ပိုလွမ်းရနိုင်သည်၊ ပိုသင်္ခန်းစာရနိုင်စရာရှိမည်။

• ပြောချင်လျှက်နဲ့ ပြောမထွက်တာတွေ သေချာပေါက်ရှိကြပေသည်၊
• ကိုယ့်အကြောင်းသာမက သူများအကြောင်းတွေလဲ ထုတ်ပြောလို့မကောင်းတာတွေ ရှိပေသည်၊
• ပြောတိုင်း၊ ရေးပြတိုင်း အကုန်မယူသင့်သလို၊ ပြောမပြတာကိုပါ နားလည်ယူကြရမည်၊
• အပြောမခံရသူတိုင်းကို ကိုင်းရှိုင်းသင့်တယ်လို့ မထင်သင့်ပါ၊
• စာတွေလည်းဖတ်ပါ၊ စာထဲမှာမပါတာကိုလည်းဖတ်ပါ။     ။

ဒေါက်တာတင့်ဆွေ
၂၃-၈-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး