Revolt ဆေးတော်လှန်းရေးလုပ်ဖို့လိုနေပြီ

Hayman Nyinyi မြန်မာနိုင်ငံမှာလဲ ဆေးဝါးအတုနဲ့စံမမီတဲ့ဆေးဝါး တင်သွင်းမှုက ရှိနေတယ်။ ဒါတွေကို ဘယ်လို ထိန်းသိမ်းအရေးယူသင့်ပြီး ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲဆရာ။ အခုတွေ့ရတဲ့ အဆိပ်ဆေးရည်ပါဝင်တဲ့ ဆေးညွှန်းကို ဓာတ်ခွဲစမ်းသပ်မှ အဆိပ်ရှိမှန်း သိရတာလားဆရာ။ ဆေးဗူးခွံမှာပါတဲ့အညွှန်းကို ဘယ်လိုသတိထားပြီး ဖတ်ဖို့ လိုနေလဲဆရာ။ အခုချိန်မှာ ဆေးအတု အန္တရာယ်အပြင် အဆိပ်ဆေးရည်အန္တရာယ်ကိုပါ သတိပြုကာကွယ်ဖို့ လိုအပ်လာသလားဆရာ။ မြန်မာနိုင်ငံအနေနဲ့ ဆေးဝါးတင်သွင်းမှုတွေကို ဘယ်လိုစိစစ်ဖို့လိုနေပြီလဲဆရာ။ နိုင်ငံတကာမှာရော ဒီအန္တရာယ်မျိုး မကြုံရအောင် ဘယ်လို စိစစ်မှုတွေ လုပ်နေပြီလဲဆရာ။

ဆရာ စာတွေအများကြီးရေးထားတယ်။ ဂျာနယ်တွေကနေ ယူမသုံးကြသေးဖူးထင်တယ်။

မြန်မာပြည်က FDA မှာ အင်အားမမျှဘူးထင်ပါတယ်။ သိပ်တော့မသိပါ။ ငွေ + လူ + နည်းပညာ အရင်းအမြစ်တွေ အတော်ကြီးလိုနေလိမ့်မယ်။

FDA ကိုဖြတ်စရာမလိုတာတွေလည်းရှိတယ်။ Food supplement ခေါင်းစဉ်နဲ့ဆိုရင် မလိုဘူး။ အဲတာကြောင့် တကမ္ဘာလုံးမှာ ပြဿနာတက်နေလို့ ဆွေးနွေးနေကြတယ်။ အသီးအနှံတွေကနေထုတ်တဲ့ဆေး၊ ဟာဗယ်ဆေး၊ အားဆေး၊ သဘာဝဆေးဆိုပြီး ကြော်ငြာရောင်းတာတွေက ရောင်းခွင့်ရှိတယ်။ ဘေးဖြစ်မှသာ အရေးယူနိုင်တယ်။

မြန်မာပြည်မှာ ဥပဒေဆိုတာ ပြောစရာမလိုအောင် လျှော့ရဲနေတယ်။ ငွေနောက်လိုက်တယ်။ အဆက်အသွယ်ရှိရင် မူးယစ်ဆေး သန်းပေါင်း သောင်းနဲ့ရောင်းဝယ်တာတောင် အဖမ်းမခံရဘူး။ အများက ဆင်းရဲတော့ တော်တော်ဟာ မပြောအားကြ၊ မပြောချင်ကြ၊ မဖမ်းချင်ကြ၊ ဘက်လိုက်ကြတယ်။

စားသုံးသူအခွင့်အရေးဆိုတာ အခုမှ စပေါ်လာပြီး အင်အားအတော်ချိနဲ့သေးတယ်။ အဲလိုအရေးကို အစိုးရတခုတည်းမရပါ။ လူမှုအသင်းအပင်းတွေနဲ့ မီဒီယာကနေဝိုင်းရတယ်။ နိုင်ငံရေးပါတီတွေမှာလည်း အဲတာအတွက် လူနဲ့ နေရာမရှိကြပါ။

မြန်မာပြည်က အစိုးရအဆက်ဆက်မှာ ဒါမျိုးအတွက် အချိန် + ငွေ + လူ မပေးနိုင်ပါ။ စေတနာတော့ စိတ္တဇနာမ် ဆုပ်ကိုင်ပြမရလို့ မပြောလိုပါ။

ဒေါက်တာတင့်ဆွေ
၁၈-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး