Royal hunting နေပြည်တော်မှ တောပစ်ထွက်ကြခြင်း

တိုင်းရင်းသားလူမျိုးအစုံနဲ့ ပြည်ပမှာနိုင်ငံရေးလက်တွဲလုပ်ခဲ့ရတဲ့အချိန်ကာလက ၂၅ နှစ်ဖြစ်လို့ တိုင်းရင်းသားလူမျိုးတွေရဲ့ ဓလေ့စရိုက်တွေကို လေ့လာခွင့်ရခဲ့ပါတယ်။ ဗမာတွေနဲ့မတူတာတွေ အတော်များများရှိပါတယ်။ အစားအသောက်၊ အဝတ်အစားအပြင် ဝါသနာအရာမှာလည်း ကွဲပြားကြတယ်။ တောပစ်တဲ့ဓလေ့ကို အတော်များများတိုင်းရင်းသားတွေက ဝါသနာပါကြတယ်။ သူတို့ဆီမှာ တောပစ်စရာနေရာတွေလည်း ပေါများလှတယ်။ အခုတော့ ချင်းတောင်မှာ နွားနောက် ရှားနေပြီတဲ့။

ဒါပေမယ့် ကယားပြည်နယ်မှာတော့ ခုထိ တောပစ်လို့ကောင်းသေးပုံရတယ်။ ၂ဝ၁ဝ တုံးက တောပစ်လာတဲ့သူတွေဟာ အခု ၂ဝ၁၅ မှာလည်းလာကြအုံးမယ်လို့ သတင်းကသက်သေခံနေပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းဟာ လာမယ့်ရွေးကောက်ပွဲမှာ ကယားပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၉ ကနေ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဘော်လခဲခရိုင် ရွေးကောက်ပွဲကော်မရှင်မှာ အမည်စာရင်း တင်သွင်းထားပါတယ်။ ဝန်ကြီးဦးအောင်မင်းလည်း ကယားပြည်နယ်ကနေ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါသေးတယ်။

ကယားပြည်နယ် မြို့နယ် ၇ ခုမှာ လူဦးရေ ၂ သိန်း ၇ သောင်းကျော်နဲ့ မဲပေးခွင့်ရှိသူ ၁ သိန်းခွဲကျော်သာရှိပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အရေအတွက်ဟာ ပြည်နယ်၊ တိုင်းဒေသ ငယ်ငယ်ကြီးကြီး အတူရတာမို့ ရွှေမြို့တော်က တောမုဆိုးတွေက ကယားပြည်နယ်ကို အလွန့်အလွန်မျက်စိကျကြပါတယ်။

ဒေါက်တာတင့်ဆွေ
၁၁-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး