Sympathy vote စာနာမှုမဲ

ရွေးကောက်ပွဲမတိုင်ခင်လေးမှာ အရွေးခံမယ့်သူမှာ သနားစရာတစုံတခုဖြစ်လို့ စာနာစိတ်နဲ့ မဲပေးကြတာကို ခေါ်ပါတယ်။ ရောဂါဝေဒနာ ဥပမာ ကင်ဆာရှိတယ်လို့သိလာသူကို ထောက်ခံမှုပေးကြတာမျိုးကို X-Factor လို့ သုံးနှုန်းပါသေးတယ်။

ဘရာဇီးလ်မှာ ၂ဝ၁၄ တုံးက သမတရွေးပွဲမတိုင်ခင် တတိယနေရာမှာရှိတဲ့ ဆိုရှယ်လစ်ပါတီက Eduardo Campos (ဒွါဒို ကမ်ပို့စ်) ဟာ လေယာဉ်ပျက်ကျသေဆုံးသွားတဲ့အခါ သူ့တွဲဖက်ဒုသမတလောင်း Marina Silva (မာရီယာ ဆဲလ်ဗား) က
ဟာ ထိပ်ဆုံးကိုရောက်လာခဲ့ပါတယ်။

ပါကစ္စတန်မှာလည်း ဖခင် (အလီ ဘူတို) သေဆုံးပြီး သူ့သမီး သမတဖြစ်နိုင်ခဲ့တယ်။ IRI ဆန်းစစ်မှုအရ အဲလိုရတဲ့ စာနာမှုမဲက ၂၃-၂၅% ကနေ ၅ဝ% အထိတိုးလာခဲ့တယ်လို့ ဆိုပါတယ်။

ကျွန်တော်တို့နိုင်ငံသားတွေက စာနာမှုပြတာမှာ အင်မတန်လွယ်ကြတယ်။ ရက်ရောကြတယ်။ လိုတာထက်ပိုကြတယ်။ အီမိုရှင်းများလွန်းတယ်။ ဦးရွှေမန်းကို ကရုဏာတွေသက်နေလိုက်ကြတာ အမှန်ပြောချင်တာတောင် အားနာနေရတယ်။ ကျွန်တော်က အားတော့ မပါပါ။ မဲပေးခွင့်ရှိလည်း သူ့ကိုမဲမပေးပါ။ ဦးသိန်းစိန်အုပ်စုကိုလည်း ဒီလိုလုပ်လို့ ပိုပြီးမုန်းစရာ မရှိပါ။ ကမ်းကုန်အောင် သိပြီးသားပါ။ ခြံခုန်ချင်သူလည်းရှိအုံးမယ်။

ဒေါက်တာတင့်ဆွေ
၁၃-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး