The exiles တက္ကသီလာ ပြည်ပမှာ

Khin Lay ဆရာရေ ၈၈ မှာတောခိုလာတဲ့လူတွေအများစုက နိုင်ငံပြင်ပကိုရောက်လာရင် ဘာဖြစ်လို့ သဘောထားတွေ ပြောင်းကုန်တာလဲမသိဘူးဆရာ။ တကယ်ဆိုရင် သူတို့လဲအာဏာရှင်ကိုဖြုတ်ချဖို့က လိုရင်းဆိုရင် သူတို့တွေလုပ်ခဲ့တဲ့ တော်လှန်ရေးနဲ့ လက်ရှိလုပ်နေတဲ့ စိတ်ခံစားမှုကဘာဆိုလိုလဲဆိုတာ နားမလည်နိုင်အောင်ပဲဆရာရေ။

Tun Thein ကျွန်တော့်အမြင်ကတော့ ဟီးရိုးလုပ်ချင်တာ၊ အများနဲ့မတူပဲဆန့်ကျင်ခဲ့ရင် ထင်ပေါ်မယ်ထင်တာလို့ပဲ မြင်ပါတယ်ဆရာ။

အတော်မေးသင့်တဲ့မေးခွန်းပါ။ မေးတဲ့သူကိုယ်တိုင်က ကိုယ်ပိုင်လေ့လာမှုသဘောလုပ်ပြီးမှ ထွက်လာမျိုး။ ကာလအပိုင်းအခြား အနည်းဆုံးနှစ်ခုကို ကြည့်ရတာမျိုး။

စာတမ်းလိုမရေးချင်ပါ။ လူနာမည် အသင်းအပင်းနာမည်တွေလည်း မတပ်လိုပါ။ ကျွန်တော်တို့က ဝါအရပြောရင် အကြီးဆုံးလည်းမဟုတ်ပါ။ ကျောင်းသားတွေနောက်မှရောက်တဲ့ (နောက်ရောက်တဲ့သူ နောက်ကတန်းစီရတဲ့) ခေတ်က ၁၉၉ဝ အုပ်စုကဖြစ်ပါတယ်။ ဒိနောက်မှရောက်လာတဲ့အုပ်စုတွေလည်းရှိသေးတယ်။ ၁၉၉၆ အုပ်စု၊ ၂ဝဝ၇ အုပ်စု၊ စသဖြင့် ရှိသေးတယ်။

ပြည်ပနိုင်ငံရေးသက်တမ်း အကြမ်းအားဖြင့် ၂၅ နှစ်ဆိုပါစို့။ ဒီကာလထဲမှာ အာဏာယူထားသူက အပြောင်းအလဲမရှိသေးပဲ၊ အင်စတီကျူးရှင်းခေါ်တဲ့ တည်ဆောက်မှုပုံစံတော့ တမျိုးပြောင်းလာတယ်။ ပြည်ပထွက်ကြသူတွေထဲမှာတော့ အမျိုးမျိုး ပြောင်းခဲ့ကြပါပြီ။ အင်စတီကျူးရှင်းလည်းမရှိတော့ပါ။

အရေအတွက်အများဆုံးကတော့ နိုင်ငံရေးအမည်ခံလိုက် မခံလိုက်အုပ်စုဖြစ်တယ်။ ဒီမိုကရေစီအရေးဓါတ်ပုံထဲမှာတော့ ရှေ့ဆုံးတန်းကသူတွေရှိတယ်။ ဘာသာရေးခေါင်းစဉ်အောက်ရောက်ရင် နိုင်ငံရေးကိုခါးခါးသီးသီးရန်တွေ့ပြီး၊ နိုင်ငံရေးမှာ နေရာပေးရင် ထိပ်ဆုံးကရချင်သူတွေရှိတယ်။

နိုင်ငံရေးအုပ်စုထဲမှာလည်းအမျိုးမျိုး။ အခြေခံအသက်မွေးမှုမတူတာ၊ ပညာရေးနဲ့ လေ့လာမှု မတူတာ၊ ရည်ရွယ်ရင်း မတူတာ၊ အခြေအနေကို သုံးသပ်မှုမတူတာတွေရှိကြတယ်။ ဟီးရိုး လုပ်ချင်သူဆိုတာ တကယ်ပါတယ်။ နေရာတကာပါ။ ဒုတိယမှတ်ချက်လို အာဏာရှင်ကို အော်ကြီးဟစ်ကျယ် ဆန့်ကျင်ပြတဲ့သူတချို့ထဲမှာ အာဏာရှင်ကအရေးမလုပ်တော့ ဘေးကလူတွေကို လိုက်တုတ်သူတွေပါတယ်။

ထောင်ကျခံရသူတွေထဲမှာ တချို့က ထောင်ချခံရတာကို ဆုတံဆိပ်လိုသဘောထားကြသူတွေရှိတယ်။ ပြည်ပထွက်ကြသူတွေထဲမှာလည်း တချို့က သူတို့ကိုယ်သူတို့ တက္ကသီလာမှာ အဋ္ဌာရသပညာတွေ သင်ပြီးပြန်လာသလို အထင်ရောက်ကြတယ်။ အကုန်မဟုတ်ပါ။ တလှေလုံးတော့ မပုပ်ပါ။

ပိုနေမြဲကျားနေမြဲတွေထဲလည်း အမျိုးမျိုးကွဲတယ်။ အတွေ့အကြုံများလာတော့ ငယ်ရွယ်သူတွေ (ကျောင်းသားအုပ်စု) ထဲမှာ တိုးတက်လာသိမြင်လာကြသူတွေရှိတယ်။ မငယ်သူတွေထဲမှာ ကြီးမိုက်ဆိုတာ တကယ်ရှိတယ်။ ဗီဇ (ဥာဉ်) ကို  မပြင်နိုင်ကြပါ။ နှုတ်အာကြမ်းတဲ့သူတွေက အသက်ဘယ်လောက်ရရ ကြမ်းနေကြတာပဲ။ တချို့ကလည်း နေရာတကာမှာ ဗိုလ်သာလုပ်ချင်ကြတယ်။

ပေါင်းကြည့်မှသိရတာတွေ မနည်းပါ။ ဓါးဆိုတိုင်း သွေးလို့မထက်ပါ။ တချို့ကတော့ဗျာ (ကန်တော့ပါ) ဘုန်းကြီးလူထွက်နဲ့ နှိုင်းလို့ရတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး