The great physician သမားတော်ကြီး

အခုလေးတင် ဖေ့စ်ဘွတ်မှာတွေ့ပါတယ်။ ဆရာဝန်အလုပ်ဟာ စိတ်ထားကောင်းမွန်ပါက ကုသိုလ် ၅ မျိုးရနိုင်တယ်တဲ့။ မေတ္တာဘာဝနာကုသိုလ်၊ ကရုဏာဘာဝနာကုသိုလ်၊ မုဒိတာဘာဝနာကုသိုလ်၊ ဥပေက္ခာဘာဝနာကုသိုလ်နဲ့ ဒါနကုသိုလ်။

ဘာသာရေး ရေးထားတာမို့ လူငယ်လူရွယ်တွေက စိတ်ဝင်စားနည်းကြမှာပါ။ ကျွန်တော်လို အရွယ်အိုသူတောင်မှ လုံးစေ့ပတ်စေ့ မဖတ်ဖြစ်ပါ။

အဲလိုစာမျိုး မဖတ်ဖူးလည်း စိတ်ထားကောင်းတဲ့ဆရာဝန်တွေ (နိုင်ငံခြားသားတွေအပါအဝင်) ဒုနဲ့ဒေးရှိပါတယ်။ ဒါလုပ်တာ ကောင်းတယ်လို့ ဆရာတွေက သင်ပေးထားတိုင်းလည်း၊ စာကောင်းပေမွန်တွေကနေဖတ်ထားတိုင်းလည်း ကောင်းတာကို လိုက်နာတဲ့သူက မများလှပါ။

ကောင်း-မကောင်းဖြစ်ဖို့ရာ စာ-ပညာက အခယာတော့ကျပါတယ်။ ဗီဇ-ဝါသနာလည်းလိုတယ်။ ကံတရားလည်းရှိမှ ဖြစ်မယ်။ ပါရမီလည်းထည့်ပြောရတယ်။

ဒါ့ပြင် ကံကောင်းသူနဲ့ကြုံရဆုံရတဲ့ ကံတရားလည်းရှိသေးတယ်။ သမားတော်ဇီဝကဟာ သူကုသပေးတဲ့လူနာမှန်သမျှ  အသက်မသေကြဘူးလို့ ပြောစမှတ်ရှိတယ်။ မဖြစ်နိုင်ဖူးလို့ ထင်တဲ့သူတွေကထင်ကြမယ်။

သူနဲ့ကုသခွင့်ရတဲ့ ကံတရားလိုလာတယ်။ ကံတရားလို့မခေါ်ချင်နေပါ။ ကြုံကြိုက်မှုပေါ့။ ကောင်းတဲ့သူမျိုးနဲ့ ဆုံတွေ့ ရင်းနှီး ကျွမ်းဝင်ရခြင်း အကျိုးပေးမှုဆိုတာ အလွန်မတန်ဆန်းကျယ်တယ်။

ဒေါက်တာတင့်ဆွေ
၂၉-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး