Treatment of HCV Genotype 1 အသည်းရောင် (စီ) ဂျီနိုအမျိုးအစား (၁) ကုသခြင်း

နောက်ဆုံးအပ်ဒိတ် ၂၃-၈-၂ဝ၁၅

အသည်းရောင် (စီ) ဂျီနိုအမျိုးအစား (၁) ဟာ ၇ဝ-၇၅% နဲ့အများဆုံးဖြစ်တယ်။ ဆေးကုသမှုလေ့လာမှုကိုလည်း အများဆုံး လုပ်ထားပြီးဖြစ်တယ်။ အစဉ်အလာအရ အကုရခက်ခဲ့ပေမယ့် နောက်ဆုံးပေါ်စားဆေးနည်းဟာ ၉ဝ% မက ထိရောက်မှု ရှိပါတယ်။

အသည်းရောင် (စီ) ဂျီနိုအမျိုးအစား (၁) အစပျိုးကုသခြင်းအတွက် ၁၉၉၈ ကနေ ၂ဝ၁၃ ခုနှစ်အထိတုံးက
- Interferon ထိုးဆေးတမျိုးတည်းနည်း၊
- Peginterferon ထိုးဆေးတမျိုးတည်းနည်း၊
- Peginterferon + Ribavirin ထိုးဆေး + စားဆေးနည်း၊
- Peginterferon + Ribavirin + a NS3A/4A protease inhibitor (Boceprevir or Telaprevir) ဆေး ၃ မျိုးတွဲနည်းကို သုံးခဲ့တယ်။

၂ဝ၁၃ ကနေ ၂ဝ၁၄ အတွင်းမှာ Peginterferon + Ribavirin + either Sofosbuvir or Simeprevir ဆေး ၃ မျိုးနည်းသစ်သုံးခဲ့တယ်။

၂ဝ၁၅ မှာတော့ daclatasvir, fixed-dose ledipasvir-sofosbuvir, fixed-dose ombitasvir-paritaprevir-ritonavir and dasabuvir, simeprevir, and sofosbuvir တွေကိုသုံးလာပါတယ်။ Daclatasvir ကိုတော့ FDA ကနေ အသိအမှတ် မပြုရသေးပါ။

ဘယ်လိုလူနာတွေအတွက်အကောင်းဆုံးလည်း = genotype subtype (1a or 1b) ဖြစ်ရမယ်။ အရင်ကလည်းကုဖူးမယ်နဲ့ အသည်းလည်းခြောက်နေမယ်။

အမေရိကန် AASLD/IDSA/IAS-USA လမ်းညွှန်ရ အသည်းရောင် (စီ) ဂျီနိုအမျိုးအစား (၁) အစပျိုးကုသနည်း
(က) ledipasvir-sofosbuvir နည်း၊
(ခ) ombitasvir-paritaprevir-ritonavir and dasabuvir, with or without ribavirin နည်း၊
(ဂ) sofosbuvir + simeprevir with or without ribavirin နည်း သို့မဟုတ်
(ဃ) daclatasvir + sofosbuvir, with or without ribavirin နည်းတွေဟာ ထိရောက်မှုတူညီတယ်။

Ribavirin ဆေးပါပေးမလား မပေးဘူးလားဆိုတာ ဂျီနိုအမျိုးအစားခွဲနဲ့ အသည်းခြောက်တာအပေါ်မှာမူတည်တယ်။

ဂျီနိုအမျိုးအစားခွဲမသိဘူးဆိုရင် genotype 1a အနေနဲ့ကုသရမယ်။

အသည်းရောင် (စီ) ဂျီနိုအမျိုးအစား (၁) ကိုအရင်က peginterferon + ribavirin တွေနဲ့ ဆေးကုဘူးထားပြီး မရသေးရင်
(က) ledipasvir-sofosbuvir with or without ribavirin နည်း၊
(ခ) ombitasvir-paritaprevir-ritonavir and dasabuvir with or without ribavirin နည်း၊
(ဂ) sofosbuvir + simeprevir with or without ribavirin နည်း သို့မဟုတ်
(ဃ) daclatasvir + sofosbuvir, with or without ribavirin နည်းတွေဟာ ထိရောက်မှုတူညီတယ်။

Ribavirin ဆေးပါပေးမလား မပေးဘူးလားဆိုတာ ဂျီနိုအမျိုးအစားခွဲနဲ့ အသည်းခြောက်တာအပေါ်မှာမူတည်တယ်။

အသည်းခြောက်မနေရင် ledipasvir-sofosbuvir ဆေးကို ၁၂ ပါတ်ကြာပေးရမယ်။

အသည်းခြောက်နေရင် ledipasvir-sofosbuvir ဆေးကို ၂၄ ပါတ် သို့မဟုတ်
ledipasvir-sofosbuvir + ribavirin ၁၂ ပါတ်ကြာပေးရမယ်။

အဲဒီဆေးတွေက တိုက်ရိုက်သက်ရောက်မှုရှိတဲ့အမျိုးအစားဖြစ်တယ်။ ခက်နေသေးတာက ဈေးကြီးတာပဲ။ ယူအက်စ် AASLD/IDSA/IAS-USA လမ်းညွှန်အတိုင်းကုသရင် ကုန်ကျစရိတ်ဟာ $63,000 ကနေ $300,000 အထိရှိတယ်။

မှတ်ချက်။ မြန်မာပြည်မှာရပြီလား၊ ဘယ်မှာဝယ်ရမလည်း မသိပါ။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂၉-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး