Bio Disc 2 နောက်တခါ လာပြန်ပြီဟေ့

၁။ ဆရာ unicity ဆိုပြီးသွင်းတဲ့ product တွေ မြန်မာပြည်မှာ တော်တော်နာမည်ကြီးတယ်ဆရာ။ တချို့တွေပဲ FDA လက်မှတ်ရတာပြောတယ်ဆရာ။ ဆီးချိုသမားနဲ့ ဝိတ်ချလိုသူတွေသောက်ကြတယ်။ website တွေမှာလည်း ကြည့်လို့တော့ရတယ်။ သိပ်မခွဲခြားတတ်လို့ အကျိုးအပြစ်လေးသိချင်တာပါ။ ကြော်ငြာဆေးပဲလား သိပါရစေရှင်။ မိဘတွေသောက်နေလို့ပါ။

၂။ ဆရာဒါဆို FOOD SUPPLEMENT ခေါင်းစဉ်အောက်က ဆေးတွေကရာနှုန်းပြည့်ယုံကြည်လို့မရနိုင်ဘူးပေါ့။

၃။ Unicity က Bio life C ဆိုတဲ့ဆေးက ကောင်းတယ်ပြောတယ် နှလုံး သွေးတိုး ဆီချို FDB ထဲလည်း ဖော်ပြခံရတယ် ပြောတယ်ဆရာ။ အိမ်ကအမေကို တိုက်ချင်လို့ သင့်တေိာပါသလားရှင့်။

၎။ ဆရာရှင့် ကျွန်မအမေမှာ သွေးတိုးနှင့် ဆီးချို ရောဂါရှိပါသည်။ သူငယ်ချင်းတစ်ယောက်က Amezcua ကထုတ်သော Bio Disc သည် သွေးတိုး ဆီးချိုရောဂါ ဝေဒနာရှင်များအတွက် အသုံးပြုရန် သင့်တော်သည်ဟု တိုက်တွန်းပါသည်။ Bio Disc သုံးချင်းဖြင့် မည့်သည့် side-effect များရှိနိုင်သည်ကို သိလိုပါသည်ရှင့်။

၅။ ဆရာ ခုတလောခေတ်စားနေတဲ့ နာနိုနည်းပညာနဲ့လုပ်ထားပါတယ်ဆိုတဲ့ Bio disc ဆိုတာ တကယ်ယုံကြည်လို့ ရမလားလို့ သိချင်ပါတယ်ဆရာ။ ဘယ်လိုအာမခံချက်တွေရှိမလဲလို့။ ကျေးဇူးတင်ပါတယ်ဆရာ။ Qnet ကထုတ်လို့ ပြောတယ်ဆရာ။

၆။ တကယ်အကျိုးရှိမရှိကို ကျွန်တော်တို့ဘယ်လိုသိနိုင်မလဲ မသိလို့ပါဆရာ။ ဘယ်လိုအာမခံချက်တွေ ဘယ် အဖွဲ့အစည်းတွေကပေးရင် စိတ်ချရလဲဆရာ။

၇။ ကျနော်လည်း ကိုယ်နံ့တော်တော်နံတယ်။ အခုတော့ ဂျာမနီထုတ် Bio Disc ရေ သောက်တယ် ချိုးတယ် ဖြန်းတယ် အခု သက်သာသွားပြီ လေ့လာခြင်ရင် ဒီဝက်ဆိုက်ကိုဝင်ကြည့်ပါ www.qnet.net ပါ IR No: HG749457 ပါ Myanmar ကို ရွေးပြီ လေ့လာကြည့်ပါ။

Unicity International အမေရိကားကနေထုတ်လုပ်တဲ့ ဆေးဝါးကုန်ပစ္စည်းတွေဖြစ်တယ်။ ဒါပေမဲ့ ကြောညာဆေးသာ ဖြစ်တယ်။ Weight loss products ကိုယ်အလေးချိန်ကျဆေးနဲ့ Green tea လဖက်ရည်ကြမ်းတွေပါတယ်။ FDA အသိအမှတ်ပြုတောင်းခံဘို့မလိုအောင် Food supplement ခေါင်းစဉ်အောက်နေ ရောင်းတယ်။ အဲဒီခေါင်းစဉ်အောက်နေ ရောင်းတာတွေမှာ ဆေးသုတေသနမစုံပါ။ အမေရိကမှာလည်း အဲလိုဟာတွေကို အငြင်းပွါးနေကြတယ်။ FDA က ပေးထားတာတချို့လည်း ပြန်ရုပ်သိမ်းရတာတွေရှိတယ်။ အဲဒီ အမျိုးအစားထဲမှာ ကြော်ငြာဆေးအကုန်ပါတယ်။

သူတို့ကြော်ငြာတာကို ဘာသာမပြန်တော့ဘူး။ အရင်အဲလိုကုန်တွေ၊ ဆေးတွေကို ဘာသာပြန်လိုက်တာ ဆရာဝန်ရေးတဲ့ မှတ်ချက်ကိုမဖတ်ပဲ ဘယ်မှာဝယ်ရလည်း၊ ဘယ်လိုသောက်ရမလည်း၊ ကောင်းသလားနဲ့မေးကြလို့။

Bio Disc ဝက်ဘ်ဆိုက်ကိုရော ဂူဂယ်က လက်လှမ်းမီတာလေးတွေကိုပါ ဝင်ဖတ်ပါတယ်။ သဘာဝကနေ အင်နာဂျီရစေတဲ့ ကိရိယာလို့ ရေးထားတယ်။ SCALAR အင်နာဂျီလှိုင်း လေးတွေ ထုတ်ပေးမယ်။ ဘေးထွက်-ဆိုးကျိုးမရှိပါလို့ ဖတ်ရပါတယ်။ ကိုာ်ထဲကအရည် + ရေတွေထဲက မော်လီကြူးတွေကို သက်ရောက်တယ်လို့လည်း ဆိုထားတယ်။

BIO DISC Benefits အကျိုးကျေးဇူးများ
သောက်ရေ အားရှိစေမယ်၊ အာဟာရအကျိုးကို အများဆုံးဖြစ်စေမယ်၊ အရသာကဲစေမယ်၊ သက်တမ်းရှည်မယ်၊ ပိုပြီးနေကောင်းမယ်၊ ခုခံအားစံနစ်ကောင်းစေမယ်၊ သေတဲ့ဆဲလ်တွေ ငယ်ရုပ်ဆင်စေမယ်၊ သွေးရဲ့ အောက်စီဂျင်ကို များစေမယ် နဲ့ အပြုသဘောတွေ တိုးစေပြီး အနုတ်သဘောတွေကို ဖယ်ပေးမယ်လို့ပါတယ်။ ကိုယ်နံ့ဆိုးတာကို ပျောက်စေ၊ သက်သာစေမယ်လို့ မဖတ်ရပါ။

ကြော်ညာပြီးရောင်းတဲ့ကုန်ပစ္စည်းတိုင်းမှာ ဘေးထွက်ဆိုးကျိုးဆိုတာ ထည့်ရေးလေ့မရှိပါ။ ကျွန်တော်တို့လို ဆေးပညာမျိုး သင်ကြားဘူးသူတွေကတော့ အဲလိုဆေးနဲ့ကုန်ပစ္စည်းတွေကို အကောင်းအဆိုး ပြောဘို့ခက်ပါတယ်။ စည်းဘောင်ကျော်ပြီး သူတို့ပြောတာတွေကအလကားလို့လည်း မပြောလိုပါ။

ကြော်ငြာကောင်းရင် ကောင်းမယ်ထင်ပါသလား။ အဲတာဆို ရွေးကောက်ပွဲမှာ အဲလိုပဲမဲဆွယ်ကြမယ်။ ကျွန်တော်က အာဏာရနဲ့ အတိုက်အခံပါ။ ဆေးပညာမှာလည်း စိတ်မချရတာကိုတော့ ကောင်းပါတယ်လို့ မပြောချင်ပါ။

ဒေါက်တာတင့်ဆွေ
၁ဝ-၉-၂ဝ၁၃
၃-၆-၂ဝ၁၅
၁၆-၆-၂ဝ၁၅
၁၉-၉-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး