Fake Hero ဟီးရိုးဖြစ်ချင်သူနဲ့ ရဲစွမ်းသတ္တိ

မနေ့ကပဲ ဒေါ်စုက အောက်တန်းကျတဲ့မဲဆွယ်နည်းကို အရေးတယူလုပ်မနေပါနဲ့တဲ့။

ဟုတ်တယ်။ ကျွန်တော်လည်း တဖက်သားရဲ့အဆင့်အတန်းနဲ့ စေတနာကိုသာကြည့်ပြီး ရေးသင့်တာမှသာရေးပါတယ်။ လူဝတ်ကြောင်မှသာ မဟုတ်ပါ။ ဘာဝတ်ထားတား (သင်္ကန်း၊ ယူနီဖေါင်း) နာမည်တွေကို စာထဲမှာတောင် မသုံးပါ။ ဒါ့ပြင် ဒေါ်စုနာမည်နဲ့ ဓါတ်ပုံလည်း မဖြစ်လှမှသာသုံးတယ်။ ဘုရားပုံတော်ကို တခါမှမသုံးပါ။ အဲတာက ကျွန်တော့်ကိုယ်ပိုင် စည်းကမ်း။

ပုလဲကလာတဲ့သတင်းမို့ နည်းနည်းရေးရအုံးမယ်။

ဆရာ့ ဒီနေ့ တနယ် NLD အဖွဲ့ မဲစာရင်းစစ်နေတုန်း ငါးမင်းဆွေက ကားအဖြူနဲ့ စာရွက်တွေလာဝေတယ်။ အမေစုကို ဝေဖန်တယ်။ လက်ခံပါတယ်။ ကြံ့ဖွံ့မှာလည်း အားနည်းချက်တွေရှိတယ်။ ကြံ့ဖွံ့ကိုလည်းဝေဖန်မှ တရားမျှတမှပေါ့။ အခု ကြံ့ဖွံ့ကိုဝေဖန်ရေး စာတစ်ဆောင်ရေးပြ။ ဒါမှ ခင်ဗျားကို လူမှန်လို့သတ်မှတ်နိုင်မယ်လို့ NLD အဖွဲ့က ပြောတယ်။ ငါးမင်းဆွေက မရေးနိုင်ဘူးပြောတယ်။ ဒါဆို ခင်ဗျားကလူညစ်လူစုတ်ပဲလို့ပြောတော့ ငါးမင်းဆွေက ဟုတ်တယ်။ ကျွန်တော်က လူညစ်လူစုတ်ပါလို့ပြောပြီး ကားကိုမောင်းသွားပြီး ပြန်သွားတယ်။

ကျုပ်က လူညစ် ဘာဖြစ်လည်းလို့ပြောရဲတဲ့သူမျိုးကို သတ္တိရှိတယ်လို့ ကျွန်တော်ကတော့ မသတ်မှတ်ပါ။

တပင်ရွှေထီးက စစ်သားစုဆောင်းရေးလုပ်တော့ ခုံပေါ်မှာ လက်မထောင်ပေးထားရတယ်။ လက်မထိပ်မှာ အပ်စိုက်ပြီး တူနဲ့ထုတယ်။ တွန့်သွားတဲ့သူကို မရွေးဘူး။ မင်းရဲဒိဗ္ဗဆိုသူက အရွေးမခံရတော့ သူ့ဗိုက်ကိုသူ ဓါးနဲ့ခွဲပြီး အူတွေကို လက်နဲ့ ကိုင်ပြပြီး ငါ သတ္တိရှိတယ်ကွလို့ မသေခင်ပြောသွားတယ်။

ကိုယ့်ဗိုက်နဲ့ အစားဓါးထိုးခံသူမျိုးက အခုရွေးကောက်ပွဲမှာ ပေါ်လာတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၉-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး