HIV treatment for all လူတိုင်းကို ဆေးပေးမယ်

HIV ပိုးရှိနေသူတွေ CD4 cell count ဘယ်လောက်ရှိနေနေ ART ဆေးပေးပါတော့မယ်။ လူကြီး ကလေးလည်း မရွေးပါ။ ရောဂါဖြစ်လမ်းရှိနေသူတွေကိုတော့ ဦးစားပေးမှုလုပ်နိုင်ပါတယ်။

CD4 counts (>500 cells/mm3) တွေကိုဆေးပေးတုံးက AIDS နဲ့ ဆက်နွှယ်နေတဲ့ရောဂါတွေ ဖြစ်လာနှုန်း ၅၇% ကျဆင်းတာကိုသိလို့ 350 cells/mm3 ကျမှဆေးပေးရာကနေ CD4 counts (>500 cells/mm3) အထိနည်းကတည်းက ဆေးစပေးတာလုပ်ခဲ့ပါတယ်။ နောက်လေ့လာမှုတခုအရ CD4 cell count ကို ကြည့်မနေပဲ ဆေးပေးတော့ ၉၃% ရောဂါဖြစ်နှုန်း ကျဆင်းတာ တွေ့လာလို့ အခုလို ပိုးတွေ့သူတိုင်းကို ဆေးပေးသင့်တယ်လို့ ဖြစ်လာတာပါ။

ဆေးပေးနည်းလမ်းညွှန်သစ်မှာ PrEP (tenofovir disoproxil fumarate) ကိုပါ ဆေးအတွဲမှာ ထည့်ပေးသင့်တယ်လို့ ဆိုပါတယ်။ ဘယ်လိုဆေးအတွဲရယ်လို့တော့ WHO ကနေ သတ်သတ်မှတ်မှတ်လုပ်မထားပါ။ Truvada (tenofovir + emtricitabine) ဆေးအတွဲကိုတော့ လေ့လာမှု အကျယ်ပြန့်ဆုံး လုပ်ထားပြီး ရှိပါတယ်။ Truvada ဆေးတမျိုးတည်းကို တနေ့ ၁ လုံးပေးတာနဲ့ (MSM) ဂေးယောက်ျားတွေမှာ ၉၂% လျှောနည်းတာ သိထားပါသေးတယ်။

ဆေးလမ်းညွှန်သစ်အရ လူနာပေါင်း ၂၈ သန်းသာပေးဘို့ရှိရာကနေ အခု ၃၇ သန်းအထိ ဆေးပေးရမှာဖြစ်ပါတယ်။ ၂ဝဝ၄ UNAIDS ခန့်မှန်းချက်အရ ၂ဝ၁၅ ခုနှစ် မတ်လစာရင်းအရ HIV ပိုးရှိနေတဲ့ လူကြီး ၄၁% နဲ့ ကလေး ၃၂% တို့က ART ဆေးရနေကြတယ်။ စုစုပေါင်း ၁၅ သန်းဖြစ်တယ်။

Pre-Exposure Prophylaxis (PrEP) ဆိုတာ HIV ပိုးနဲ့မတွေ့မီ ပိုးကူးစက်ခံရနိုင်ခြေရှိသူကို ကာကွယ်ဆေးပေးနည်း ဖြစ်ပါတယ်။ Truvada (tenofovir and emtricitabine) ဆေးအတွတြလုံးတည်းကို တနေ့ ၁ လုံးသောက်ဘို့ဖြစ်တယ်။ အဲတာက HIV ပိုးရှိနေသူဆိုရင် တခြားဆေးနဲ့ပါတွဲပေးတဲ့ဆေးဖြစ်ပါတယ်။ လိင်ဆက်ဆံမှု၊ မူးယစ်ဆေးထိုးခြင်း လုပ်သူတွေကို ဆိုလိုတာဖြစ်တယ်။ ၉၂% ကာကွယ်နိင်ပါတယ်။ ဆေးကိုစဉ်ဆက်မပြတ်မသောက်ရင်တော့ အဲလောက် ကာကွယ်မှုမရနိုင်ပါ။ ကွန်ဒွမ်ပါသုံးရင် ပိုစိတ်ချရပါမယ်။ သံသယဖြစ်စရာနဲ့ကြုံပြီး ဆေးလည်းသောက်နေတုံး ၃ လနေရင် ဆေးစစ်ရပါမယ်။

(၁) Expanded access to treatment ဆေးကုသမှုကိုလက်မှမ်းမီရေးနဲ့ (၂) PrEP ဆေးပေးခြင်းဟာ UNAIDS ရဲ့ 90-90-90 ရည်မှန်းချက်ကိုပြည်မီပါလိမ့်မယ်။ ဆိုလိုတာက (က) HIV ပိုးရှိနေသူတွေထဲက ၉ဝ% က ပိုးရှိနေကြမှန်းသိစေရမယ်။ (ခ) ပိုးရှိသူတွေထဲက ၉ဝ% ကဆေးရနေရမယ်။ (ဂ) Viral load ပိုးကိုစမ်းမရတဲ့အဆင့်ထဲက ၉ဝ% လည်း ဆေးရနေရမယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၉-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး