My desire ရွေးကောက်ပွဲဆုတောင်း

ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီပေါင်း ၉ဝ ကျော်ဝင်ပြိုင်ကြမယ်တဲ့။ ၁၉၉ဝ တုံးကလည်း ၉၇ ပါတီဝင်ပြိုင်ခဲ့တယ်။ အဲဒီတုံးကရှိခဲ့တာ ၂၃၅ ပါတီ။ ရွေးကောက်ပွဲပြီးတော့ ပါတီတွေတခုပြီးတခု စစ်အစိုးရကဖျက်လို့ ၁ဝ ပါတီသာကျန်တယ်။ အနည်းဆုံး အမတ်နေရာ၁ နေရာနိုင်တဲ့ပါတီပေါင်း ၂၇ ခုရှိတယ်။ NLD က ၃၉၂ နေရာမှာနိုင်တယ်။ တသီးပုဂ္ဂလ ၆ ဦး ရှိတယ်။ ပြည်ပထွက်လာကြတဲ့အမတ်တွေ စုစုပေါင်း ၃၆ ဦးရှိတယ်။

၂ဝ၁၅ ရွေးကောက်ပွဲဝင်ကြမယ့် NLD ကမဟုတ်ကြတဲ့ ပါတီတွေထဲမှာ လုပ်ဖေါ်ကိုင်ဖက်တွေပါနေတာ တွေ့ရတယ်။ လွှတ်တော်ထဲမှာ ဘယ်လိုရပ်တည်ကြမလည်း မပြောနိုင်ပါ။ NLD နဲ့ အတူရပ်သူတွေရှိမယ်။ အတိုက်အခံပြုသူတွေလည်း ရှိမယ်။

ပြည်ပရောက် ၁၉၉ဝ အမတ်တွေထဲမှာ NLD အမတ်တွေအပြင်၊ ZNC ဇိုမီး၊ ALD ရခိုင်၊ CNLD ချင်း၊ LNDP လားဟူ။ SNLD ရှမ်း၊ DOKNU ကယန်း၊ MNDF မွန်ပါတီတွေက အမတ်တွေနဲ့ တသီးပုဂ္ဂလ ၂ ယောက်တို့ပါတယ်။ ကျွန်တော်တို့တတွေ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုအရေးမှာ အတူတူရပ်တည်ခဲ့ကြပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲမှာ NLD နဲ့အတူ ပြည်ထောင်စုအကျိုးအတွက် အတူရပ်တည်မယ့် တိုင်းရင်းသားပါတီတွေက အမတ်လောင်းတွေ နိုင်ပါစေ။ ၂ဝ၁ဝ တုံးကလို ဒီမိုကရေစီခေါင်းစဉ်တပ်ပြီး အာဏာရှင်နဲ့ ပလူးပလဲလုပ်သူမျိုးတွေ ရှုံးပါစေ။ အာဏာရှင်စနစ်အတွက် အမတ်ဖြစ်ချင်သူတွေ ရှံးပါစေ။ NLD ကိုယ်စားလှယ်တွေ အားလုံးနိုင်ပါစေ။

ဒေါက်တာတင့်ဆွေ
၂၂-၉-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး